HTML COLOUR CODE လွယ်ကူစွာရယူရန်

Related Posts Plugin for WordPress, Blogger...

Friday, August 8, 2014

(ROCKER ကြီးရဲ့ လိင်ပညာပေး)

အကြံညံများပေးထားခဲ့ပါ
(ROCKER ကြီးရဲ့ လိင်ပညာပေး)

လိင်ကိစ္စဆိုတာ မပါရင်မပြီးဘူး ဒါပေမဲ့ ဘယ်လောက်ထိ အရေးပါသလဲ၊ ပြောသလောက်ကော အရေးပါသလား၊ လူပီသတဲ့ စိတ်ကို အရင်းတည်ပြီး လိင်ကိစ္စရဲ့ မောင်းနင်အားကြောင့် ဘ၀မှာ မောင်းနှင်အားကောင်းစွာ အောင်မြင်သွားတဲ့ လူတွေလည်း ရှိသလို ဒီဆန္ဒအပေါ် အထိန်းအကွပ်မရှိ မှားယွင်းစွာ ပြုမူ အသုံးချမိလို့ ဘ၀တစ်လျောက်လုံး ချွတ်ချော်တိမ်းပါး ခဲ့ရသူတွေလည်း အများကြီး ရှိနေပါတယ်။ ဒါကြောင့် ခံယူချက် မျိုးစုံနဲ့ သွားနေကြတဲ့လူတွေ အတွက် နည်းလမ်း မှန်ကန်တဲ့ လိင်ပညာပေး တစ်ချို့ကို ဝေမျှပေးချင်ပါတယ်။

People Magazine အတွက် လိင်ပညာပေး အခန်းကဏ္ဍမှာ အသိပညာတွေကို မျှဝေခွင့်ရတဲ့အတွက် ဘယ်လိုခံစားရလဲ ဆိုတာနဲ့ စလိုက်ကြရအောင်ပါ။

ဒီကိစ္စဟာ အားပါးတရ ပြောလို့ရတဲ့ ကိစ္စလည်း မဟုတ်ဘူး၊ ဘာမှ မသိပါဘူးလို့ ငြင်းလို့ရတဲ့ ခေါင်းစဉ်လည်း မဟုတ်ပြန်ဘူး။ ကျွန်တော်ဆိုရင် ဒီအကြောင်းကို အားပါးတရ ၀ိုင်းပြောနေတာမျိုးကို မဖတ်ချင်ဘူး။ မသိချင် ယောင်ဆောင်နေတာမျိုးလည်း မဖြစ်ချင်ဘူး။ ဒီနှစ်ခုရဲ့ကြားမှာ ဆွေးနွေးပေးရမှာပေါ့။ နောက်ပိုင်း ဒီအကြောင်းကို ဆက်ဆွေးနွေးမယ့် သူတွေကလည်း ကျတော်မြင်တဲ့ ရှူ့ထောင့်ကနေ ဆက်ဆွေးနွေး သွားတာမျိုး ဖြစ်စေချင်တာပါ။ People Magazine သွားမယ့် ပုံစံမျိုးလည်း ကြည့်ရမယ်။ ဖတ်မယ့်သူရဲ့ အနေအထားနဲ့လည်း သက်ဆိုင်တယ်။ ဖတ်သင့် ဖတ်ထိုက်တဲ့ အရွယ်တွေ ဖတ်တာကတော့ ပြဿနာ မရှိပါဘူး။ အထူးသဖြင့် Celebrity ကိုဆွေးနွေးခိုင်းတာ အများကြီး ထိရောက်မှု ရှိပြီး တည့်တည့် ပြောလိုက်သလိုတော့ ဖြစ်နေတယ်။ ဒါကြောင့် ကျတော် ဒါကို လက်ခံတယ်။ အရင်တုန်းက ယေက်ျားနဲ့ မိန်းမတွေ့တယ်၊ ကလေးတွေ မွေးတယ် ရိုးစင်းတယ်။ ဒီတော့ ပညာပေးဖို့ မလိုအပ်သေးဘူးလို့ ပြောလို့ရတယ်။ အခု ပညာပေးဖို့ လိုအပ်လာပြီဆိုတော့ ဉာဏ်မရှိပဲ ပညာမဲ့စွာ ဖြစ်ချင်တာ ဖြစ်နေတာကို ကာကွယ်ဖို့ဆိုတဲ့ ခေါင်းစဉ်က ပေါ်လာပြီ မဟုတ်လား။

လိင်ပညာပေးက အားပါးတရ ဆွေးနွေးလို့ရတဲ့ ကိစ္စလည်း မဟုတ်ဘူးဆိုတဲ့ ဆိုလိုရင်းက။

ဆိုလိုတာက ကျတော် ဘာမှ မသိတဲ့လူတစ်ယောက်၊ လိုချင်တဲ့ မိန်းမတွေ့တော့ ယူလိုက်တယ် ကလေးတွေ မွေးတယ်၊ ဘာပညာပေးမှ လာပေးစရာ ဖြစ်စရာ အကြောင်းမရှိဘူး။ ဒါပေမဲ့ ခေတ်ကပြောင်း လာတဲ့အခါ တစ်လင်တစ်မယား စနစ်မဟုတ်တော့ဘူး။ စည်းမရှိ ကမ်းမရှိ လိင်ကိစ္စ ကျူးလွန်ရင်ပဲဖြစ်ဖြစ် မလိုလား အပ်တာတွေ ဖြစ်လာတာပေါ့။ ဒါကြောင့် ပညာပေး အစီအစဉ်တွေ ရှိလာတာပါ။

လိင်ပညာပေးနဲ့ ပတ်သက်ပြီး ကမ်းလှမ်းခြင်း ခံရတာမျိုးတွေ ရှိခဲ့မှာပေါ့။ သူတို့ရည်ရွယ်ချက်နဲ့ ကိုယ်ရည်ရွယ်ချက် တစ်သားတည်း ဖြစ်လား။

NGO အဖွဲ့ အစည်းတွေလည်း အများကြီး ရှိနေတော့ ခဏခဏ ကမ်းလှမ်းတာ ခံရဖူးတယ်။ ကျတော်တို့က သူတို့ လုပ်တဲ့ ရည်ရွယ်ချက်ထက် ပိုပြီးလေးနက်တဲ့ ဘက်ကို သွားချင်တယ်။ ကွန်ဒုံး ဝေတဲ့ အဆင့်လောက်ကို စိတ်မ၀င်စားဘူး၊ ပညာပေးတယ်ဆိုတာ စာရိတ္တပိုင်းနဲ့လည်း ဆိုင်တယ်။ အားလုံး လက်ခံရမှာပဲ အကျင့် စာရိတ္တထက် ရောဂါ မပြန့်ဖို့ လိင်ကိစ္စကို အန္တရာယ်ကင်အောင် လုပ်တယ်ဆိုတဲ့ နေရာမှာ ဒီကိစ္စကို တွေ့သမျှ အကုန်လုံး လျောက်လုပ်ပစ်တော့မယ် ဆိုရင်။ မခက်ဘူးလား၊ လူတစ်ယောက်ကို ကွန်ဒုံးသုံးခိုင်းပြီး မင်းဘာရောဂါမှ မဖြစ်ဘူး။ လုပ်ချင်ရာလုပ် ဆိုတဲ့ စကားမျိုးတော့ ကျတော် မပြောနိုင်ဘူး။ ကွန်ဒုံးသုံးတိုင်း ဘာရောဂါမှ မဖြစ်ဘူးဆိုတဲ့ ပညာပေးက စာရိတ္တ၊ လူမှုရေးရှူ့ထောင့်၊ ယဉ်ကျေးမှု ဒါတွေ မပါလို့မရဘူး၊ အနောက်တိုင်းမှာ လုပ်နေတဲ့ ပုံစံမျိုး လုပ်လို့မရဘူး၊ ဒီအကြောင်းတွေကို လူကြားထဲမှာ ကျတော့် အမေနဲ့ ဘယ်လိုသွားပြောမလဲ။ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုများအရ များသောအားဖြင့် လက်မခံနိုင်ကြဘူး။

အနောက်တိုင်းဆန်တဲ့ လိင်ပညာပေးတွေနဲ့ ဒီကစိတ်ဆန္ဒ သဘောထားတွေ အနည်းငယ် ကွဲလွဲနေတယ်လို့ ပြောချင်တာလား။

သူတို့ကတော့ ကိန်းဂဏန်းတွေနဲ့ တွက်ချက်ပြီး HIV ကူးစက်နှုန်းတွေ များနေပြီဆိုပြီး ဒါကိုထိန်းချုပ်ကြတယ်။ သူတို့ပြောတာ မှန်တယ်လေ အထူး သဖြင့် မိန်းကလေးတွေကို ပညာပေးဖို့လိုတယ်။ လက်ခံရတဲ့ လူတွေက ဒီကိစ္စ တစ်ခုတည်းနဲ့ မပြီးဘူး။ လူမှုရေးတွေ စီးပွားရေးတွေ အများကြီး ဆက်နွယ်နေတယ်။ ဗုဒ္ဓဘာသာဝင် အာရှတိုက်သားတွေဆိုရင် မိန်းမတွေ ဆင်ခြင်ရမယ့် အရာတွေ ယေက်ျားတွေ ထိန်းသိမ်းရမယ့် ကျင့်ဝတ်တွေကို ကလေးဘ၀တည်းက စသင်ရမှာ။ အထူးသဖြင့် မိန်းကလေးတွေ စာရိတ္တ မကောင်းရင် ယေက်ျားလေးတွေ ဒုက္ခရောက်တာပေါ့။ အဲဒီ အခြေခံ ကိုစဉ်းစားပြီး ထိန်းသိမ်းနိုင်မှ မှားနေတာတွေ နည်းသွားနိုင်မှာ။

ကိုညီထွဋ်ရဲ့ ဒီထက်ပိုပြီး လေးနက်တဲ့ ရှူ့ထောင့်က ဘာများပါလိမ့်။

အဓိကကတော့ Celebrity တွေထဲမှာ ဂီတ အသိုင်းအ၀ိုင်းကလူတွေ၊ မီဒီယာက စာရေးဆရာကြီးတွေနဲ့ NGO တွေကလည်း ပါချင်ပါမယ်။ တစ်နေရာရာမှာ စုပြီး ဆွေးနွေးတာမျိုး စာပေဘက်ကအမြင်၊ ဂီတဘက်က ဖြစ်နေတဲ့ အမြင်တွေကို လက်တွေ့ကျတဲ့ ရှူ့ထောင့် မျိုးစုံကနေ ပြောဆိုဆွေးနွေး ဖလှယ်ချင်တာ။ လွန်ခဲ့တဲ့ လေးနှစ်လောက်ကတည်းက ဆရာကြီး တက္ကသိုလ် ဘုန်းနိုင် ရေးခဲ့တဲ့ `ပန်ဒိုရာအိုးပွင့်ပြီး ဟားမီးငှက်တို့ ပျံသန်းချိန်´ စာအုပ်ထွက်ကတည်းက ခေါင်းထဲမှာ အဲဒီအတွေး ရှိနေခဲ့တာ။

အကျိုးရှိစေမယ့် စိတ်ကူးမျိုးပဲ။

HIV အကြောင်းတွေ လိင်မှု ကိစ္စတွေ စုဆွေးနွေး၊ အဲဒီအထဲကမှ လူထုကို အကျိုရှိတာတွေ ကောက်နှုတ်ပြီး ဘယ်လိုပြန်ချပြရမလဲပေါ့။ ဒါဆို မှန်းပြီး ပြောနေတာမျိုး မဟုတ်ပဲ တိကျမှန်ကန်တဲ့ အဖြေတစ်ခု ဖြစ်လာမယ်။ ပွင့်ပွင့်လင်းလင်း ပြောလို့ရမယ့် ဟာကို လိုချင်တာ။ ဗုဒ္ဓဘာသာ တိုင်းပြည်အရ ဒီလိုဆွေးနွေးရင် အခြေခံ လူတန်းစားတွေ နားလည်နိုင်ပါ့မလား။ အောင်မြင်နိုင်ပါ့မလားဆိုတာ ကျတော်လည်း ခုထိဇဝေဇ၀ါပဲ မသေချာသေးဘူး။

ယေက်ျားလေးတွေ အကျင့် စာရိတ္တပျက်ပြားဖို့က မိန်းကလေးတွေအပေါ် မူတည်နေတယ်ဆိုရင် ယေက်ျားလေးတွေဘက်က ဦးတည်နေတာတွေကရော။

လိင် ပညာပေး အဆင့် မရောက်ခင် မိန်းကလေးတွေရဲ့ အကျင့် စာရိတ္တကို ပြောချင်တာ။ အရင်က မိန်းကလေး တစ်ယောက် ဒီရည်းစားထား ဒီတစ်ယောက်နဲ့ပဲ ယူတယ်။ ဒါမှမဟုတ် အိမ်ကပေးစားတဲ့သူကို ယူတယ်။ ဒါပဲရှိတာ။ ခုမိန်းကလေးတွေက ယေက်ျားလေးတွေနဲ့ ရင်ဘောင်တန်းပြီး နင် သုံးယောက်ထားရင် ငါ လေး ယောက်ထားမယ် ဆိုတဲ့ ခေတ်ကို ရောက်နေတော့ အရမ်း ထိန်းရ ခက်သွားပြီ စည်းနဲ့ ကမ်းနဲ့ နေမယ်ဆိုရင် မလိုလား အပ်တာတွေ နည်းသွားနိုင်တယ်။ ဗုဒ္ဓဘာသာ စကားနဲ့ ပြောရရင် ယေက်ျားလေးတွေက နှမချင်း စာနာဖို့၊ ငယ်တဲ့သူတွေ တွေ့ရင် ကိုယ်ညီမလို ကြီးတဲ့သူတွေ တွေ့ရင် ကိုယ့်အမေလို လိုအပ်ရင် ဘာကူညီရမလဲ။ ဘယ်လို စောင့်ရှောက်ရမလဲ ဆိုတဲ့ စိတ်ပေါ်စေချင်တာ။ အဲဒီလိုမျိုး မဟုတ်ပဲ မိန်းကလေးမြင်ရင် ရမလား မသိဘူး ဆိုတာမျိုးပေါ့။

ကျတော့် သမီး ဩစတြေးလျမှာ ကျောင်းသွားတက်တော့ ဒီက အထက်တန်းကျောင်းတွေနဲ့ တခြားစီ ဖြစ်နေတယ်။ ဟိုမှာက အဲဒီအချိန် မိန်းမတွေရဲ့ အခွင့်အရေးတွေ ကမ္ဘာမှာ မိန်းမတွေ ဖိနှိပ်ခံရတာတွေ သင်ရတော့ ဒီလည်းပြန်ရောက်ရော သမီးသာဆိုရင် ကာရာအိုကေ ဆိုင်တွေ လိုက်ပိတ်မှာလို့ပြောတယ်။ သီချင်း ဆိုတဲ့ ဆိုင်တစ်ဆိုင်ကိုသွားရင် သွားတဲ့အထဲမှာ ကြည့်တဲ့သူက ဘယ်လို စိတ်နဲ့ ကြည့်မလဲ။ ငါ့ညီမလေးတွေ တယ်လှပါလား၊ဆိုတဲ့ စိတ်နဲ့ ကြည့်တာမျိုးတော့ မဟုတ်ဘူး သေချာတယ်။ ကျတော်တို့လည်း သွားနေတာပဲ ဒီပတ်ဝန်းကျင်ကို သွားတဲ့အခါ ကိုယ့်ကိုယ်ကို လေးစားဖို့၊ သူများတိုင်းပြည်မှာ သူ့ အတန်းအစားနဲ့သူ မသွားရတဲ့ နေရာ၊ သွားရတဲ့နေရာ ကန့်သတ်ထားတယ်။ ကျတော် နယ်ကိုသွားတော့ ရွာက အရက်ဆိုင် တစ်ဆိုင်မှာ ဘီယာ ကြော်ငြာ ကပ်ထားတာတွေ့တယ်။ ညနေဆိုရင် အရက် သောက်ထားတဲ့ သူတွေက မူးနေပြီ။ တစ်ချို့ဆိုရင် ဘန်ဂလို လိုလို လုပ်ထားပေးပြီး စကပ်နဲ့ ကောင်မလေးတွေ ခေါ်ထိုင်ခိုင်းတာမျိုး တောရွာတွေမှာပါ ဒါမျိုးတွေ ရောက်နေကြတယ်။ လိင်ပညာပေးက အဲဒီက စရမှာ လိင်စိတ် မရောက်ခင် ဦးတည်နေတာတွေက အများကြီး၊ ၀ီစကီ ကြေငြာ တစ်ခုမှာ ဘိုမ ပေါင်ဖေါ် ၀တ်ပြနေတာ မြန်မာတွေ စိတ်ထဲ ဘယ်လိုမှ မနေဘူး။ ရင်လျားနဲ့ မိန်းကလေး ဟိုဘက်လှည့်နေတာက အများကြီး ထိရောက်တဲ့ အချက်ပဲ လုပ်သင့် မလုပ်သင့် အရင် စဉ်းစားရမယ်။ ကောင်မလေးတွေကို သမီတို့ ကွန်ဒုံးသုံးကြပါ သွားပြောရမလား။ အဲဒီအဆင့်က နောက်တစ်ဆင့်လေ။

အင်မတန် ရိုးစင်းပြီး ရှေးကျတဲ့ ပညာပေးလေး တစ်ခုပါ။ ကောင်းပေမဲ့ ဖြစ်ချင်တာနဲ့ ဖြစ်နေတဲ့ အခြေအနေက သပ်သပ်စီပဲ။ ကိုင်တွယ်ဖြေရှင်းပုံက အရေးပါလာပြီ မဟုတ်လား။

အဓက က Sex without Love က အဓိပ္ပါယ် မရှိဘူး။ ကမ္ဘာဦး အစကတည်းက Sex ဖြစ်လာဖို့က Love ကလိုသေးတာကိုး။ အချစ်မပါပဲ ဒီကိစ္စက ဖြစ်ချင်ဖြစ်မယ်။ ကျတော်တို့က ဒီလို အခြေအနေမျိုးကို လက်မခံဘူ။ ချစ်လို့ တတ်နိုင်လို့ မိန်းမ သုံးယောက်ပဲယူယူ ရတယ်။ တွေ့သမျှ မိန်းကလေးတွေကို မပြစ်မှားနဲ့လေ လိင်ကိစ္စအတွက် ကွန်ဒုံးသုံးပြီး စည်းမရှိ ကမ်းမရှိ ကာကွယ်ကြမှာလား ဆိုတာကို ဆွေးနွေးချင်တာ။ အဓိက က Sex Walker တွေ ကွန်ဒုံးသုံးဖို့ မိန်းကလေးတွေက ဒီကိစ္စကို ပျော်လို့ စိတ်ဝင်စားလို့ လုပ်နေကြတဲ့သူ နည်းမယ်ထင်တယ်။ မိဘကို လုပ်ကျွေးချင်လို့၊ သုံးချင်ဖြုန်းချင်လို့ အကြောင်းကြောင်းကြောင့် လုပ်နေရတာပဲ ဖြစ်မှာပါ။ သာမန် မိန်းကလေးတစ်ယောက် သောက်တော့ စားတော့မယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်မှာ စိတ်ချ ယုံကြည်ရတဲ့ ညီအစ်ကို မောင်နှမသော်လည်းကောာင်း သူငယ်ချင်း အပေါင်းအသင်း သော်လည်းကောင်း ရှိမှ သောက်သင့်တယ်။ ကျတော်တို့ ခေတ်နဲ့ မတူတာက အဓိက က Drug ပဲ။ Drug က သူနဲ့ ကပ်ပါလာတာပဲ။ စိတ်ကြွဆေးတွေကြောင့် ဘာမှ ဂရုမစိုက်ပဲ လုပ်ချင်တာ လုပ်ချင်တာ လုပ်တော့မှာပဲ။ ပညာပေးမယ်ဆိုရင် ကာကွယ်ပါလို့ ပြောနေကြတာပဲလေ။ တကယ်တမ်း ဒါတွေ ပြောနေတာ အရမ်း နောက်ကျနေတယ်။ စင်တင် ဆိုင်လိုမျိုးတွေ ဒီထက်ပိုပြီး ဣနြေ္ဒရှိအောင် လုပ်လို့ရတယ်။ ပွင့်ပွင့်လင်းလင်း ဆွဲဆောင်တာမျိုးတော့ ကျတော်လက်မခံဘူး။ တစ်ဝက်လောက် ထိန်းမယ်ဆိုရင်တော့ မဆိုးဘူး။

ဣနြေ္ဒရှိအောင် လုပ်တဲ့ နည်းလမ်းလေး စဉ်းစားကြည့်ရအောင်။

ကမ္ဘာမှာ ယေက်ျား ပရိတ်သတ်ကို ဖိတ်ခေါ်နေတဲ့ နေရာတွေ ရှိတယ်။ သူ့အဆင့်အတန်းနဲ့ သူပဲ၊ ဒီမှာ မြန်မာ ယဉ်ကျေးမှုအရ မောင်နဲ့နှမ၊ သားနဲ့အမိ၊ လာလို့ရတဲ့ ဆိုင်တွေသာ ဖွင့်ခွင့်ရှိတယ်။ ဆိုင်မှာ သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေ ရှိသင့်သလို မိန်းကလေးတွေ အနေနဲ့လည်း အားနာပြီး ခါးပါတာ မဖြစ်ရအောာင် သတိထားဖို့လိုတယ်။ ဘာကြောင့် ဖြစ်လဲဆိုတဲ့ ပြဿနာကိုပြောရင် လူမှုရေးပြဿနာတွေ စီးပွားရေး ပြဿနာတွေက လာဦးမှာ။ အကောင်းဆုံးက နည်းသွားအောင် ဘာသာရေးနဲ့ ထိန်းနိုင်တယ်။ ဘယ်ဘာသာပဲဖြစ်ဖြစ် ဒီကိစ္စနဲ့ ပတ်သက်လာရင် ဒါကို စည်းမဲ့ ကမ်းမဲ့ လုပ်ကြလို့ မပြောကြဘူး။ သက်ဆိုင်ရာ ဘာသာရေးတွေနဲ့ ထိန်းလို့ရနိုင်တယ်လို့ ယုံကြည်တယ်။

ယေက်ျားတွေက မိန်မတွေကို `ရမလားလို့´ ကြည့်တာ ခေတ်ရဲ့ ပုံစံလို ဖြစ်နေတယ်။ ဒီလို အခြေအနေမျိုးကို တနည်းနည်းနဲ့ ပြန်ထိန်းဖို့တော့ လိုအပ်နေပြီ။

မိန်းမတွေဟာ ယောက်ျားတွေကို ဖျော်ဖြေဖို့ဆိုတဲ့ ဟိုး အလည်ခေတ်ကလို ရှေးကျတဲ့ အတွေးမျိုး မရှိသင့်တော့ပါဘူး။ အိန္ဒိယမှာ ဟိုးခေတ်တုန်းက မိန်းကလေး တွေကို အရွယ်မရောက်ခင် ကျောင်းပို့ပြီးတော့ ယောက်ျားလေးတွေကို ဘယ်လိုပြုစုရမယ်ဆိုတာ သင်ပေးခဲ့ကြတယ်။ ဒါမှလည်း အရွယ်ရောက်လို့ အိမ်ထောင်ပြုတဲ့ အခါ ယောက်ျားလေးတွေရဲ့ စိတ်ကျေနပ်မှုကိုရမယ်။ အနိမ့်ဆုံးအဆင့် အဖိအနှိတ် မခံရဘူး။ သူတော်ရင်တော်သလို အိမ်ရှေ့မင်းသား နဲ့ပဲဖြစ်ဖြစ် တွေ့နိုင်တယ်။ ဂျပန်နိုင်ငံမှာလည်း ဒါမျိုးတွေ ရှိခဲ့တယ်။ မြန်မာနိုင်ငံမှာလည်း ကလေးဘ၀တည်းက တန်းတူ ဆော့ကစားပြီး ကြီးပြင်းခဲ့ကြတာ။ သူတို့နိုင်ငံကလို အတွေးအခေါ် အယူအဆတွေ မိန်းကလေးတွေကို နိမ့်ချမှုတွေ မရှိဘူး။ ပြောရရင် ဘယ်မိန်းကလေးမှ ယောက်ျားလေးတွေကို ဖျော်ဖြေဖို့ လူဖြစ်လာကြတာ မဟုတ်ပါဘူး။ အခြေအနေအရ အန္တရာယ်ကို ဖိတ်ခေါ်နေတဲ့ လုပ်ငန်းခွင်မှာ ရှိနေတဲ့ မိန်းကလေးတွေ အနေနဲ့ ကိုယ့်ကိုယ်ကို ထိန်းသိမ်း စောင့်ရှောက်ဖို့ လာတဲ့ ယောက်ျားတွေကို မယုံဖို့ လျော့မတွက်ဖို့ အရင် ပညာပေးရမှာကိုး။

အနောက်တိုင်း ယဉ်ကျေးမှုရဲ့ လွှမ်းမိုးမှုကြောင့် တစ်လင် တစ်မယား စနစ်ကနေ ပါတနာတွေနဲ့ နေထိုင်မှု ပုံစံတွေဆီ ဦးတည်လာနေတော့ ရူ့ထောင့်တစ်ခုခုကနေ ထိန်းနိုင်မယ့် နည်းလမ်း တစ်ခုခု စဉ်းစားပါဦး။

ဘာသာရေး ရှူ့ထောင့်ကနေ ပြန်ပြောရမှာပေါ့။ ဗုဒ္ဓဘာသာ အမြင်အရ လူဟာ အဆင့်အတန်း ဉာဏ်ရည်နဲ့ ကုသိုလ်ကံ ဘ၀ပေး ပုံစံအမျိုးမျိုးနဲ့ လာရတာကိုး အားလုံးခြုံပြီး ဒါမလုပ်နဲ့ ဒါလုပ်ဆိုတာမျိုး တော်တော် ခက်တယ်။ ကိုယ့် သားသမီတောင် အကုန် နားမထောင်ဘူး နိုင်ငံခြား တက္ကသိုလ်က ဆရာတစ်ယောက်က အစည်းအဝေး ခန်းမကြီး တစ်ခုမှာ ဆရာကြီး တက္ကသိုလ် ဘုန်းနိုင်ကို `တစ်ကမ္ဘာလုံးမှာ တစ်လင်တစ်မယားစနစ် ကျင့်သုံးတာ မရှိတော့ဘူးဆိုတဲ့ သုံးသပ်ချက်ကို လက်ခံမလား´ လို့မေးတယ်တဲ့။ သူက စည်းမရှိ ကမ်းမရှိ နေတာကို ဘယ် ဘုရားသခင်ကမှ လက်ခံမှ လက်ခံမှာ မဟုတ်ဘူးလို့ ပြန်ပြောတယ်တဲ့။ ယေင်္ကျားနဲ့ မိန်းမနဲ့ အတူနေတယ်။ ကိုယ်ဝန်ရှိလာတယ် ကလေးမွေးတယ်။ ဒီကလေးကို ပြုစု စောင့်ရှောက်ရင်း ကလေးဆီမှာပဲ မျှပေးနေရတော့ Sex နဲ့ ပတ်သက်တာတွေ တွေးးဖို့ အချိန်မရှိတော့ဘူး။ နောက်တစ်ခါ ထပ်ဖြစ်ရင် နောက်ကလေးတစ်ယောက် ထပ်ရမယ်ဆိုတော့ ရမယ့် အထိအတွေ့နဲ့ ထပ်ပေးမယ့် ဒုက္ခကို ထိန်းပေးထားတာ။ ဒါဟာ လောကက ပေးတဲ့ သဘာဝပဲ။ အဲဒီအချိန်မှာ ကိုယ်ဝန်မရှိအောင် လုပ်လို့ရတဲ့ တားဆေးတွေ ပေါ်လာပြန်တယ်။ ဆေးတွေ ပေါ်လာပြန်တော့ လူတွေက ထောင်ကြွလာပြန်တယ်။ ကာလသား ရောဂါတွေဖြစ် ပင်နစလင်ထပ်ပေါ်၊ ပေါ်လာတော့ ထပ်သောင်းကျန်းနဲ့ ဘာမှ ဂရုမစိုက်တော့တဲ့ အချိန်မှာ HIV ကထပ်ပေါ် ဒါကို လူတွေက သဘာဝကို အန်တုနိုင်တယ်။ ရှင်းနိုင်တယ်၊ ကာကွယ်နိုင်တယ်လို့ပြောတယ်။ စာအုပ်တစ်အုပ်ထဲမှာ ပြောထားတယ်။ လူသားက ပေါ်လာတာ နှစ်တစ်သိန်းလောက်ပဲ ရှိသေးတာ။ ဒိုင်နိုဆောလို နှစ်သုံးသန်း နေသွားတဲ့ ကောင်တောင် ဘယ်ပျောက်သွားမှန်း မသိဘူး။ သိပ်အပြော အကြီးနဲ့တဲ့ ၊ ပုထုဇဉ် သဘောကတော့ မှားမှာပဲ မှားတာကို မှားမှန်း သိမယ့် သတိတစ်ခုလိုတာပါ။ ရာဂမီး ခဏတောက်တာ လူ့သဘာဝ ဖြစ်ပေမဲ့ လောက်စာ ထပ်မထည့်ဖို့တော့ လိုတာပေါ့ လူသားက ကိုယ့်ကိုယ်ကို မထိန်းနိုင်ဘူး။ တဏှာ၊ ဒိဠိ၊ မာန သုံးခုကြောင့်ပဲ လူသားဟာ နောက်ဆုံးမှာ ပျက်စီးရမှာ သေချာတယ်။ ဒီတော့ ဆရာကြီး တက္ကသိုလ် ဘုန်းနိုင်ပြောခဲ့သလို လိင်ကိစ္စကို စည်းမရှိ ကမ်းမရှိ ကျူးကျော်ကြမှာကို ဥပဒေ တွေကရော၊ ဘယ်ဘုရားသခင်ကရော ခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောချင်တယ်။

အစပိုင်း ဆွေးနွေးခဲ့တုန်းက မိန်းမကတစ်ဆင့် ယောင်္ကျားကို ကူးစက်တယ်လို့ ပြောခဲ့တယ်နော်။ ဘယ်အချက်တွေကို အခြေခံပြီး ပြောချင်တာလဲ။

ဟုတ်တယ် မိန်းမဖျက်ရင် ပြည်ပျက်တယ်ဆိုတကာ တကယ်ရှိခဲ့တာကိုး မိန်းမတစ်ယောက်က ယောင်္ကျား(၅)ယောက်ကို ဒုက္ခရောက်အောင် အရူးဖြစ်အောင် လုပ်လို့ရတယ်။ ကျတော် သိရသလောက်တော့ HIV ပိုးရှိတဲ့ ကောင်မလေးတစ်ယောက် ရုပ်ကလေး သနားကမားနဲ့ ရုတ်တရက် ပျောက်သွားတယ်။ သူဖြစ်နေတာကို သူ့အစ်ကိုတွေက သိတော့ တစ်ချိန်လုံး ပြဿနာရှာတယ်။ မိဘတွေကလည်း တင်းမာတယ်။ တစ်ရက်မှာ ဆေးတွေသောက် Club တွေတက်ပြီး ယောက်ျား(၁၀) ယောက်လောက်နဲ့ အတူနေခဲ့တယ်လို့ ပြန်သိလိုက်ရတယ်။ ကံမကောင်းလို့ မှားယွင်းမိခဲ့ရင်တောင် နောက်လူတွေကို ရောဂါ မကူးအောင် နေသွားရမယ်။ မထူးဘူး ဆိုပြီး နေသွားလို့ မရဘူး။ HIV ရှိပြီးသား လူတွေကိုလည်း တွေ့ချင်တယ်။ သူတို့နဲ့လည်း ရင်းရင်းနှီးနှီး နေချင်တယ်။ ကျတော်ဆိုရင် အကုန်လုံးကို လက်ဆွဲနှုတ်ဆက် နေတာပဲ။ ကျတော့် အသိ WHO ကဆရာဝန်ဆီမှာ အမှုထမ်းနေတဲ့ သူတစ်ယောက်ရှိတယ်။ သူဌေးသားတစ်ယောက် သူဘ၀မှာ တစ်ကြိမ်တစ်ခါ မှားယွင်းပြီး HIV ရှိသွားတယ်။ လုပ်ငန်းတွေ အကုန်လွှဲလိုက်ပြီး NGO မှာ Volunteer လုပ်နေတယ်။ ဆေးလည်း မှန်မှန် သောက်တယ်။ Body Building လည်း ကစားတယ်။ လူက ၀ဖြိုး စိုပြည်ပြီး သားသားနားနားနဲ့ သူ့ကြည့်ရင် HIV ဖြစ်နေတယ်လို့ ဘယ်သူကမှ မထင်ရဘူး။ ဟောပြောပွဲ ပြီးခါနီးမှ သူက HIV ဖြစ်နေတာပါလို့ ပြောတော့ အားလုံးက အံ့သြသွားကြတယ်။ ဖြစ်တာ ၁၅နှစ် ရှိနေပြီ။ သူဟာ နမူနာကောင်း ယူသင့်တဲ့ သူတစ်ယောက်ပဲ။ စိတ်မလျော့ဘူး။ ဒီရောဂါ ဖြစ်နေတဲ့သူတွေကို အားပေးဖို့ အသင့်ပဲ။ အနှိပ်ခန်းတွေမှာ ဖြစ်နိုင်ခြေ အများကြီးရှိတယ်။ ဖြစ်နေတာတွေကို တွက်လို့ရတယ်။ ဖြစ်လတ္တံတွေက တွက်လို့မရဘူး။

HIV ပိုးဟာ အကြောင်း အမျိုးမျိုးကြောင့် ကူးစက်နိုင်တယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ လူ့ပတ်ဝန်းကျင်၊ လူ့အသိုင်းအ၀ိုင်းမှာ တရားဝင် ဖေါ်ထုတ်ပြီး နေလို့မရတဲ့ ပြဿနာက အဆိုးဆုံးပဲ။

ဖုံးကွယ်ထားကြလို့ ရောဂါပိုးတွေ တိုးလာတာ၊ တွေ့ဖူးတဲ့အထဲမှာ အဖွားကြီး တစ်ယောက်ဆိုရင် အသက် (၆၀) ယောက်ျားဆုံးသွားတာ (၈)နှစ်လောက်ရှိပြီ။ အဖွားကြီး မဟုတ်တာ လုပ်ဖို့ အကြောင်းမရှိဘူး။ သူ့ရဲ့ ဇစ်မြစ်ကို သိလိုက်တော့ သွားဆေးခန်း တစ်ခါသွားဖူးတာနဲပ HIV ကူးစက်ခံရတာ HIV ရှိနေတဲ့ လူတစ်ယောက် ရပ်ကွက်ထဲမှာ ရှိနေလို့ သွားဆေးခန်းသွားရင် ကိုယ့်မှာ ဒီပိုးရှိနေတယ်ဆိုတာ ပြောရမယ်။ ဒါမှ ဆရာဝန်က စနစ်တကျ ကိုင်တွယ် ကုသပေးလို့ ရမှာပေါ့။ မပြောပဲနေရင် ဆရာဝန်တွေမှာရော နောက်ဆက်ကုမယ့် သူတွေအတွက်ရော ပြဿနာ ရှိတယ်။ ဖြစ်နေတဲ့သူကို ဘာမှ မပူနဲ့ လာကျတော်တို့ ရှိတယ်ဆိုပြီး ၀မ်းသာအားရ ကြိုရမယ့် သဘောရှိတယ်။ ရှိနေတယ်ဆိုပြီး ဖြစ်နေတဲ့သူကို မသိချင် ဟန်ဆောင်နေလို့မရဘူး။ သူတို့ဖြစ်ရင် လူ့အဖွဲ့အစည်းက လက်မခံတော့ဘူး လို့ပဲ ထင်နေကြတာ၊ များသောအားဖြင့် အဲဒီလို ကြုံရတယ်။ NGO ကပညာပေးရုံနဲ့ မလုံလောက်ဘူး။ သူတို့ရဲ့ မိဘ၊ ဆွေမျိုး အသိုင်းအ၀ိုင်းကအစ လက်ခံနေရမှာ ရောဂါဖြစ်တဲ့သူကို ကြိုးစား ပမ်းစားနဲ့ ကုသပေးနေရမှာ သူတို့ကို ပစ်ပယ်ထားလို့ မရဘူး။

ကိုယ့်ရောဂါပိုး သူများကို မကူးစက်အောင် ထိန်းဖို့ဆိုတဲ့နေရာမှာ လက်တွေ့ကျကျပြောရင် လွယ်ကူပါ့မလား။

တစ်ချို့က လုံးဝဂရုမစိုက်ဘူး မိတ်ဆွေ တစ်ယောက်ဆိုရင် သူ့ကို ကြည့်တာနဲ့သိတယ်။ မတက်ကြွဘူး မရွှင်လန်းဘူး၊ လေးငါး ခြောက်လလောက်ကြာတော့ အနာတွေ ပေါက်နေလို့တဲ့။ ကျတော်ကလည်း စာတွေဘာတွေ ဖတ်ထားတော့ နည်းနည်း သိတယ်လေ၊ ကြည့်လိုက်တော့ ကျောမှာအနာတွေနဲ့ အလုပ်မလုပ်နဲ့တော့ ဆေးခန်းပြ သွေးစစ်ကြည့်လို့ မှာလိုက်တယ်။ နောက်တော့ ရှက်ပြီး လုံးဝပေါ်မလာတော့ဘူး၊ အခြား တစ်နေရာမှာ အလုပ်သွားလုပ်နေပြီး ဘယ်လိုမှ အလုပ်လုပ်လို့ မရတော့မှ ပြန်ပေါ်လာတယ်။ NGO တစ်ခုမှာ အပ်ပေးလိုက်တော့ ဆေးတွေ ဘာတွေသောက်ပြီး အခုဆို ရှစ်နှစ်လောက်တောင် ရှိပြီ။ ဟိုတစ်နေ့က အိမ်လာလည်တယ်။ အသားအရေတွေကို စိုပြည်နေတာပဲ သူ့ကို မြင်ရတော့ ၀မ်းသာတယ်လေ။ သူအိမ်လာလည်တဲ့အခါ ကျတော်တို့ ထမင်းအတူတူ စားနေတာပဲ WHO ကဆရာဝန် တစ်ယောက်က ပြောဖူးတယ်။ HIV ပိုးရှိပြီး ဆေးသောက်နေတဲံ လူနာတစ်ယောက်ရဲ့ အပ်က နောက်လူတစ်ယောက်ကို ထိုးမိခဲ့ရင်တောင် မကူးစက်ဖို့က ၈၀ရာခိုင်နှုန်းပဲတဲ့။ ဆေးမသောက်တဲ့ လူနာကသာ ကူးတာကိုး ဖြစ်ပြီးတော့မှ ဘာဆေးမှ မသောက်ပဲ ဖုံးဖိပြီး ဗမာဆေးတွေ ဘုန်းကြီးတွေနဲ့ ကုနေတာတွေ ရှိတယ်။ ကျတော် ကုပေးမယ် ဘာမှ မဖြစ်စေရဘူး ပြောတာ လက်မခံဘူး။ ဖုန်းလာတော့မှ ဆုံးသွားပြီ ဆိုတဲ့ သတင်းကြားတယ်။ ဖုံးထားလို့ မိသားစုကို ကူးသွားတာမျိုးလည်း အများကြီး ဖြစ်တာကို မပြောပဲ မိန်းမယူတယ်။ ကလေးမွေးတယ် မိန်းမကတော့ ကိုယ်ကိုယ်ကို Suicide လုပ်ဖို့ထိကြိုးစားတယ်။ ကလေးက တအားငယ်တော့ ပြန်ပျောက်နိုင်တယ်။ ဖြစ်နိုင်ခြေ ရှိတဲ့လူတွေ အများကြီး ပွင့်ပွင့်လင်းလင်း ပြောရရင် ကျတော်တို့ အသိုင်းအ၀ိုင်းထဲက သူတွေဖြစ်ရင် အစွမ်းကုန် ၀ိုင်းကူညီကြမှာပဲ။ အလားတူတွေလည်း အများကြီး ယောက်ျားက မလေးရှားမှာ (၅)နှစ်လောက် အလုပ်သွားလုပ်တယ် ယေက်ျား ပြန်လာတော့ မြန်မာ ထုံးစံအတိုင်း ဆေးစစ်ကြမှာမဟုတ်ဘူး။ မိန်းမက အားရ ၀မ်းသာ ပြုစုမှာပဲလေ ခုခေတ် အခြေအနေအရ ကိုယ့်ယေက်ျား ပြန်လာရင် ဆေးစစ်ရမလိုတောင် ဖြစ်နေပြီ။ အိမ်ထောင်ရေးမှာ ထိခိုက်မှု မရှိနိုင်ဘူးလားဆိုတော့ တအားကြီး ကျယ်ပြန့်သွားပြီ။ ကျတော့်သဘောဆိုရင် လင်မယားဆိုတာ ပွင့်လင်းလင်း ဆွေးနွေးလို့ရတယ်။ နောက်ထပ် Generation တစ်ခုပါ သက်ဆိုင်သွားတာကိုး။ ကိုယ်ဘာဖြစ်ခဲ့လည်း ကိုယ့်ဖာသာကိုယ်သာ အသိဆုံးပဲလေ။ ဇနီမယား မဟုတ်ရင်တောင် ပါတနာပေါ့။ ဒီပါတနာနဲ့ မဟုတ်ပဲ နောက်တစ်ယောက်ပြောင်းတာ ပြဿနာ မရှိဘူးလေ။ ဇနီးပေါ်မှာပဲ ဖြစ်ဖြစ် ပါတနာပေါ်မှာပဲဖြစ်ဖြစ် သစ္စရှိဖို့ပါ။ တစ်ချိန်တည်းမှာ အများကြီး ဖြစ်နေတာမျိုးတော့ ပိုအန္တရာယ်ရှိတယ်။ ပညာပေးဖို့လိုတယ်။

အရွယ်ရောက်လာတဲ့အခါ လိင်ပိုင်းဆိုင်ရာ အတွေးအခေါ်တွေကို မှန်မှန်ကန်ကန် စနစ်တကျနဲ့ တည်ဆောက်နိုင်ဖို့ ဘာတွေ အရေးကြီးဆုံးလဲ။

လိင်ပိုင်းဆိုင်ရာက ဆိုက်ကော်လော်ဂျီနဲ့လည်း ဆက်နွယ်နေတယ်။ မွေးလာတဲ့ ပထမဆင့် ကတည်းက ကလေးက မိခင်နို့ ၀အောင် စို့နိုင်ရဲ့လား နို့စို့တဲ့ အရွယ်မှာ ပါးစပ်တစ်ခုတည်း အရသာ ခံတာကိုး။ ဆရာဝန် တစ်ယောက်က ပြောတယ်။ ငယ်ငယ်တည်းက နို့ဖြတ်ထားတဲ့ ကလေးဟာ ကြီးလာရင် ဆေးလိပ်သောက်ဖို့ အခွင့်အလမ်း ပိုများတယ်။ ဒုတိယ အဆင့်ကျတော့ ကလေးတွေ ဆီး၊ ၀မ်းသွားတဲ့အခါမှာ ကောင်းကောင်း Train လုပ်ပေးဖို့ လိုအပ်လာတယ်။ စနစ်တကျ မလုပ်ပေး နိုင်ခဲ့ရင် တစ်ကိုယ်ကောင်းဆန်မယ်။ သူလိုချင်တာ အကုန် ရရမယ်ဆိုတဲ့ အတွေးမျိုး ပါလာနိုင်တယ်။ တတိယ အဆင့်အနေနဲ့ကတော့ အသက် ငါးနှစ်ကနေ၊ ဆယ်နှစ်ကြား ကိုယ့်ကိုကိုယ်ပဲဖြစ်ဖြစ် ဆန့်ကျင်ဖက်ကိုပဲဖြစ်ဖြစ် စိတ်ဝင်စားတဲ့အခါမှာ ပုံမှန်ဖြစ်နေအောင် သင်ကြားပေးဖို့လိုတယ်။ ဒီအဆင့်ကို သေချာ မလုပ်နိုင်ခဲ့ရင် လိင်နဲ့ ပတ်သက်တဲ့ လွဲမှားတဲ့ ခံယူချက်တွေ ရှိလာနိုင်တယ်။ ကြီးမှာတော့ ဘယ်လိုမှ ပြင်လို့မရတော့ဘူး။ ငယ်ငယ်ကတည်းက ပုံစံကျဖို့လိုတယ်။ မဟုတ်ရင် လွဲမှားတဲ့ Sex နဲ့ပတ်သက်တဲ့ အမူအကျင့်တွေ ရှိလာနိုင်တယ်။ ၁၄နှစ် မတိုင်ခင်ကတည်းက ဖြတ်သန်းခဲ့ရတဲ့ ပုံစံတွေဟာ ကြီးလာရင် ဘယ်လို ကြုံတွေ့ရမယ် ဆိုတာတွေအတွက် သတ်မှတ်ချက်က ပါပြီးသား၊ ဒီအဆင့် သုံးဆင့်ကို စနစ်တကျ မတည်ဆောက်နိုင်ရင် လူမှုရေး နယ်ပါယ်မှာ ပတ်ဝန်းကျင်နဲ့ သဟဇာတ မဖြစ်တာတို့ လိင်နဲ့ ပတ်သက်ပြီး ပုံမှန် မဟုတ်တာတို့ ကြုံရမှာ။ ယေက်ျားတွေအတွက် Sex ကိစ္စဟာ ဘ၀ကို အမြင့်ရောက်အောင် မောင်းနှင်မှုအတွက် အဓိက အင်အားပါ။ လူတစ်ယောက်က လိင်စိတ်ကို အသုံးချတဲ့အပေါ် မူတည်ပြီး ဘ၀ရဲ့ အနိမ့်အမြင့်ကို ဖြစ်ပေါ်စေရမှာပါ။
Photo: (ROCKER ကြီးရဲ့ လိင်ပညာပေး)

0 အဆင်မပြေဒါရှိပါကပြောထားခဲ့ပါ:

Popular Posts