HTML COLOUR CODE လွယ်ကူစွာရယူရန်



Related Posts Plugin for WordPress, Blogger...

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label ငွေငွေငွေ. Show all posts
Showing posts with label ငွေငွေငွေ. Show all posts

Thursday, January 16, 2014

ရွှေမြန်မာတို့အတွက် အဖွင့်မှာစကား ၊ စည်းကမ်းချက်များနှင့်သတိပေးချက်များ

အကြံညံများပေးထားခဲ့ပါ

PTCRS is real my second payment PTC Website..!!!

ရွှေမြန်မာတို့အတွက် အဖွင့်မှာစကား ၊ စည်းကမ်းချက်များနှင့်သတိပေးချက်များ ( 25 .9 .2013 )

( 1 ) နိုင်ငံခြားတိုင်းပြည်များတွင် ခေတ်စားနေပြီးဖြစ်သော PTC ( Paid To Click ) Website များကိုမြန်မာပြည်သူပြည်သားများအားလုံး အတွက်မိတ်ဆက်ပေးခြင်းဖြစ်ပါသည်။

(2) တစ်နေ့ကို တစ်နာရီမျှအချိန်ပေးရုံမျှဖြင့် Internet ပေါ်တွင် ပိုက်ဆံများ ရှာဖွေနိုင်မည်ဖြစ်ပါသည်။

(3) တစ်လလောက်ပဲ အချိန်ပေးကာ စိတ်ရှည်လက်ရှည်နဲ့လုပ်ပါ ငွေများကိုမည်သို့တိုးအောင်လုပ်ရမည်ကို သဘောပေါက်နားလည်လာမည်ဖြစ်ပါသည်။

(4) မြန်မာနိုင်ငံအတွင်း နေထိုင်သူများသာမက ပြည်ပရောက်မြန်မာများအတွက်ပါ အဆင်ပြေပြေနဲ့လုပ်ဆောင်နိုင်သော လုပ်ငန်းလည်းဖြစ်ပါသည်။

(5) လုပ်ငန်းသဘောတရားသည် Company လုပ်ငန်းသဘောတစ်ရားနှင့်တူညီပါသည်..မိမိကိုယ်တိုင် Company သူဌေးနေရာမှ လုပ်ဆောင်ရမည်ဖြစ်ပြီး မိမိလုပ်ငန်း အတွင်း Share များကိုများပြားလာအောင်ပြုလုပ်ရမည်ဖြစ်သည်.. Share ၀င်များ များပြားလာပါက မိမိ၏ တစ်နေ့ဝင်ငွေနှုန်းသည်လည်း တိုးသထက် တိုးလာမည်ဖြစ်ပါသည်။
စာရေးသူကိုယ်တိုင် ၀င်ငွေရှာဖွေသည့် Website  လေးခုအတွင်းအလုပ်လုပ်နေပြီး တစ်နေ့ကို Website လေးခုမှစုစုပေါင်း 9$ မျှထုတ်ယူနေနိုင်ပြီဖြစ်ပါသည်။

(6) ငွေရှာဖွေသောလုပ်ငန်းအားတစ်လခန့်မျှ နေ့စဉ်ပုံမှန်လုပ်ပေးရန်လိုအပ်ပြီး ကွန်ပျူတာတစ်လုံးတွင် Account တစ်ခုသာအသုံးပြုရမည်ဖြစ်ပါသည်။ အမျိုးအစားမတူသော
ငွေရှာသည့် Website များကိုမူ ကွန်ပျူတာတစ်လုံးတွင် စိတ်ကြိုက် အသုံးပြုနိုင်ပါသည်။

(7) ရရှိလာသည့် ၀င်ငွေများကို လွှဲပြောင်းထုတ်ယူရာတွင် PayPal စနစ်ဖြင့်အများဆုံးထုတ်ယူနိုင်ပြီး PayPal မှ မြန်မာငွေဖြစ်အောင်ထုတ်ယူနည်းကိုလည်းမကြာခင်တင်ဆက်ပေး
သွားမည်ဖြစ်ပါသည်။

(8) ယခုအလုပ်များသည်အမှန်တစ်ကယ်ဆိုလျှင် ငွေရှာသည့် Website တစ်ခုချင်းစီအတွက် တစ်နှစ်တာမျှ အလုပ်လုပ်ပါမှငွေများများရလာမည်ဖြစ်သော်လည်း ယခုဖော်ပြမည့်
နည်းလမ်းများတွင် သုံးလေးလအတွင်းအမြန်ဆုံးဝင်ငွေများတိုးအောင်ပြုလုပ်နည်းများကိုပါ ထည့်သွင်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

(9) မိမိ၏ အတွေးအခေါ်နဲ့မိမိ၏ လုပ်ငန်းများကိုကြော်ငြာမှုပိုင်းသည်လည်းအလွန်အရေးကြီးပါသည် ဒါမှမိမိရဲ့ ၀င်ငွေရှာဖွေသည့်လုပ်ငန်း အလျင်အမြန်တိုးတက်ကာ Daily ၀င်ငွေပမာဏ များစွာရရှိမှာလည်းဖြစ်ပါတယ်။ ရိုးရိုးတန်းတန်း ကြော်ငြာကြည့် ၀င်ငွေယူနေရုံနဲ့မရပါ..မိမိရဲ့ကိုယ်ပိုင်ညှစ်အားကိုလည်း သုံးရပါမည်..ကလိရပါမည်..အင်္ဂလိပ်စာ
အနည်းအကျဉ်းဖတ်တတ်ဘာသာပြန်တတ်ဖို့လဲလိုအပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် မိမိကိုယ်တိုင်က Company သူဌေးနေရာက အလုပ်လုပ်ရမည်ဖြစ်သောကြောင့်ဖြစ်ပါသည်။

(10) ၀င်ငွေရှာဖွေသောလုပ်ငန်းလုပ်ကိုင်ရာတွင် ဖုန်းအတွင်း အသုံးပြုခြင်းကိုအတတ်နိုင်ဆုံးရှောင်စေချင်ပါသည်..ဖြစ်နိုင်လျှင် ဖုန်းအင်တာနက်ကိုကွန်ပျူတာဖြင့်တွဲပြီးသော်လည်း
ကောင်း ၊ ပုံမှန်ကွန်ပျူတာဖြင့် အသုံးပြုပြီးသော်လည်းကောင်း လုပ်ကိုင်စေချင်ပါသည်။

(11) အချိန်အရင်းအနှီးပေးရသောအလုပ်ဖြစ်သည့်အတွက် သေချာဂရုစိုက်ကာ စည်းမျဉ်းစည်းကမ်းများလိုက်နာစေချင်ပါသည် ။ အချိန်သုံးလအတွင်း လုံးဝလုံးဝအကျိုးရှိလာတာကို
ယခင်လုပ်ဖူးပြီးသူများသိကြပါသည်။

(12) ၀င်ငွေရှာဖွေခြင်းနှင့်ပတ်သက်လို့ www.mmithelper.com ( Myanmar IT Helper ) မှာ တကယ့်အစစ်အမှန်ငွေပေးသည့် Website များကိုထုတ်ပြန်ပေးသွားမှာ
ဖြစ်သလို ၀င်ငွေရှာဖွေခြင်းနှင့်ပတ်သက်ပြီးမေးမြန်းလိုပါကလည်း adflycreator@gmail.com သို့ Email မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ကြပါသည်။
 
(13) PayPal Account သည် အလွယ်တစ်ကူဖွင့်လို့ရသော်လည်း ဖွင့်လို့ရလာသည့် Account များသည် Verified မဖြစ်ပါ မဖြစ်တဲ့အတွက် ငွေသွင်း/ထုတ်/လွှဲ ခြင်းများ
လုံးဝ(လုံးဝ) ပြုလုပ်မရပါ.. PayPal Account နဲ့ပတ်သက်လို့ အမြန်ဆုံးစုံစမ်းပြုလုပ်ချင်ရင်တော့ www.shwemoney.com 01 510 554 သို့ ရုံးချိန်အတွင်း ဆက်သွယ်
မေးမြန်းဆောင်ရွက်နိုင်ပါတယ်

(14) ၀င်ငွေရှာနေသူများ အများဆုံးကြုံတွေ့နေရတဲ့ ပြသနာတစ်ခုကတော့ Purchase Balance ထဲမှငွေများလျော့သွားခြင်းဖြစ်ပါသည်..ဒါကြောင် ၀ယ်စရာရှိမှ Main Balance
ထဲကငွေများကိုPurchaseBalanceထဲသိုဝယ်စရာမရှိဘဲနဲ့မပြောင်းဖို့ပြောကြားလိုပါတယ်..အမှန်တော့ပြောစရာတောင်မလိုပါမိမိဘာသာစဉ်းစားပြီးစမ်းသပ်ကလိရမှာဖြစ်ပါတယ်.
.ဒါဆိုရင်ပြောပြတဲ့သူထက် နည်းလမ်းများပိုမိုတွေ့ရှိလာပါလိမ့်မယ်။

(15) ခေါင်းစီးများတွင်လက်တွေ့ပြထားသော ငွေရှာသည့်ဆိုဒ်များသည် ကျွန်တော်ကိုယ်တိုင်အစစ်အမှန်ထုတ်ယူခဲ့သော ဆိုဒ်များဖြစ်ပါသည်..တစ်ကယ်မထုတ်ရသေးဘဲနှင့်တော့
တင်မပေးပါ..ကိုယ်တစ်ကယ်ထုတ်လို့ရပြီ..သေချာပြီဆိုမှတင်ပေးခြင်းသာဖြစ်ပါသည်..အများအတွက် အချိန်ကုန်မခံစေလို..မိမိကိုယ်တိုင်လဲမနစ်နာစေလိုသည့်အတွက်ကြောင့်
စမ်းသပ်ထုတ်ယူပြီးမှတင်ပေးပါသည်..ယုံကြည်စိတ်ချစွာပြုလုပ်နိုင်ကြပါသည်။

(16) ယခု နည်းပညာဆိုဒ်ချို့တွင် ပြန့်နှံ့နေသော 2DollarClick , 10DollarClick , 6DollarClick , 100DollarClick ,700DollarClick  , VisitToMoney စသည့်
Site များသည် ငွေလုံးဝမပေးသော ..လုံးဝလုံးဝကိုမပေးသော  ဆိုဒ်အတုများဖြစ်ကြပါသည်..ကြော်ငြာတစ်ခုကို နှစ်ဒေါ်လာ ..ဆယ်ဒေါ်လာပေးနေပြီဆိုကတည်းက လုံးဝမဟုတ်
တော့သည်ကို သတိထားသင့်ပါသည်။

(17) ငွေရှာတဲ့ဆိုဒ်တွေမှာ Member ၀င်တဲ့အခါ Sorry IP Address Is use by other Member ဆိုတဲ့ Error မျိုး အချို့နေရာတွေမှာပေါ်တတ်ပါတယ်..အဲလိုပေါ်လာပြီ
ဆိုရင်တော့ ကိုယ့်ရဲ့နေရာကနေ ဘယ်လိုမှလုပ်မရတော့ပါဘူး..ဒီတော့ လွယ်ပါတယ်..နိုင်ငံခြားက သူငယ်ချင်းအသိမိတ်ဆွေရှာပြီးလုပ်ခိုင်းပါ....နိုင်ငံခြားက အသိကိုလုပ်ခိုင်း
ပါ... နည်းနည်းညှစ်အားလေးသုံးမယ်နော့်.. ဒါကျော်နည်းခွနည်းပညာရပ်ပါဘဲ :)

(18) ဒီကြော်ငြာ Click သည့်လုပ်ငန်းကို ကျနော် ဘယ်ကနေစတင်တတ်မြောက်လာခဲ့သလဲဆိုရင် ဟောဒီလင့်.. http://www.premium2day.com/2013/05/earn-money-online-make-10-30-day-auto.html ကနေအမှတ်မထင်တွေ့ပြီးစတင် တတ်မြောက်လာခဲ့ရတာပါ.. ဘာပုံဘာအညွှန်းမှသေချာပြထားခြင်းမရှိဘဲ စာနဲ့ဘဲ
ရှင်းပြထားပါတယ်..ကျနော့်မှာ တော်တော်လေးကို လေ့လာခဲ့ရတာပါ...အခု ကျွန်တော် ပုံတွေနဲ့တစ်ကွသေချာရှင်းပြထားတယ်..ကျနော့်ရဲ့တွေ့ရှိချက်တွေပေါ့နော့်..ဒါကြောင့်
ဒီငွေရှာနည်းကိုလေ့လာသူများ ကျွန်တော်တောင် သုံးလအတွင်း ဒီလုပ်ငန်းကို ဘာအညွှန်း ဘာပုံမှညွှန်ပြထားခြင်းမရှိဘဲနဲ့လေ့လာနိုင်ခဲ့သေးရင် ညီအစ်ကိုမောင်နှမတို့ကရော
အခုလို ကျနော်ပုံတွေနဲ့သေချာရှင်းပြထားတာကို လုပ်နိုင်ကြတယ်မလား..တွေးခေါ်နိုင်ကြတယ်မလား :) ကျွန်တော် ယုံကြည်ပါတယ်.. ဒီလိုငွေရှာတဲ့ဆိုဒ်အသစ်..သေချာတိကျ
တဲ့ဆိုဒ်အသစ်များတွေ့ရင်လည်း တင်ပေးသွားမှာပါ...စမ်းသပ်နေတဲ့ဟာတွေလဲရှိပါတယ်.. :) Site ရဲ့ထိပ်ဆုံး Menu မှာ ငွေအစစ်အမှန်ပေးတဲ့ ဆိုဒ် သုံးခု တင်ထားပါတယ်...တစ်ခုခြင်းဝင်ရောက်လေ့လာနိုင်ပြီး နောက်ထပ်တစ်ကယ်ပေးသည့်ဆိုဒ်များကိုလည်းအဆင်ပြေတယ်..တစ်ကယ်ထုတ်လို့ရတယ်ဆိုတာနဲ့တင်ပေးသွားမှာဖြစ်
ပါတယ်။
အားလုံးဘဲကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ

MyanPay မှငွေများကို မိမိရဲ့ မြန်မာဘဏ်Account ထဲသို့လွှဲနည်း

အကြံညံများပေးထားခဲ့ပါ

MyanPay မှငွေများကို မိမိရဲ့ မြန်မာဘဏ်Account ထဲသို့လွှဲနည်း

ကဲ...အခု MyanPay ဆိုတဲ့ မြန်မာပြည်တွင်း Online Payment System အကြောင်းပြောတော့မယ်ဗျာ...အဓိကပြောမှာကတော့ အင်တာနက်ကနေရလာတဲ့ ပိုက်ဆံတွေကို
PayPal ကနေတစ်ဆင့် တကယ့်ငွေသားကိုယ့်လက်ထဲရောက်အောင် ထုတ်ဖို့အတွက် MyanPay ဆိုတာ သုံးကိုသုံးရမယ်ဗျာ..ကျနော်အခုအဓိကရေးမှာကတော့ MyanPay
ကနေ မိမိရဲ့ မြန်မာဘဏ်အကောင့်ထဲကိုငွေဘယ်လိုလွှဲမလဲဆိုတာပါဘဲ..ဒါကိုဘဲအဓိကထားရေးသွားပါ့မယ်... အရင်ဆုံး မိမိနဲ့ နီးစပ်တဲ့ ဘဏ်တစ်ခုခုကနေလုပ်ထားတဲ့ ဘဏ်စာအုပ်
ရှိရပါ့မယ်..ဘဏ်စာအုပ်လုပ်တာကလဲ တစ်ထောင်လောက်ပဲကုန်ကျတာပါ.. ဘဏ်စာအုပ်ရပြီဆိုရင် ဘဏ် Account ရပါ့မယ်..အဲဒီဘဏ်အကောင့်ထဲကို ငွေလွှဲရမှာဖြစ်ပါတယ်။
အိုကေစမယ်..အရင်ဆုံး MyanPay Account လုပ်ဖို့အတွက် www.myanpay.com.mm ကိုသွားလိုက်ပါ..ပြီးတာနဲ့ Create MyanPay Account ကိုနှိပ်လိုက်ပါ
Create Personal Account ကိုရွေးပါ
ပြီးတာနဲ့ Register လုပ်ရပါ့မယ်..သူမေးထားတဲ့အတိုင်း အောက်ပါပုံကိုသေချာကြည့်ပြီးဖြည့်ပေးပါ .. ပြီးတာနဲ့ မိမိထည့်ထားတဲ့ ဖုန်း နဲ့ မိမိ Register လုပ်ထားတဲ့ Email Account ထဲသို့ Register Code ပို့ပေးပါလိမ့်မယ်...အဲဒါကို ရိုက်ထည့်ပြီး Activate လုပ်ရင် MyanPay Account ( Unverified ) တစ်ခုရပါပြီ။ ပြီးတာနဲ့ Login ၀င်လိုက်ပါ
Login ၀င်လိုက်တာနဲ့ Unverified ကိုတွေ့ပါမယ်..Verified ဖြစ်ဖို့အတွက် အောက်ဖော်ပြပါ ပုံပါ လိပ်စာသို့ ဖုန်းဆက်ပြီး အကြောင်းကြားရပါ့မယ်..သို့မဟုတ် ငွေတစ်ထောင် သွင်းရပါမယ်..သို့မဟုတ် မိမိရဲ့မှတ်ပုံတင် Scan ဖတ်ထားတာကို သူတို့ရဲ့ Mail လိပ်စာဖြစ်တဲ့ support@myanpay.com.mm ကို ပို့ပေးရပါ့မယ်.. အကောင်းဆုံးကတော့
ဖုန်းအရင်ဆက်ပါ..မိမိအကောင့်ဖွင့်ထားကြောင်းပြောပါ.. verified လုပ်လိုကြောင်းပြောပြီး သူတို့ရဲ့ညွှန်ကြားချက်အတိုင်း လုပ်လိုက်ပါ...ဒါဆိုရင် Verified ဖြစ်သွားမှာပါ..ကျွန်တော်ကတော့ ကျွန်တော့်မှတ်ပုံတင်ကို Scan လုပ်ပြီးပို့ပေးလိုက်တာ 24 နာရီအတွင်း Verified ဖြစ်သွားပါတယ်..ကဲ..Verified ဖြစ်ပီဆိုမှတော့သောင်းကျန်းလို့ရဘီ .. :D
ကဲ..အခုမိမိရဲ့အကောင့်က Verified ဖြစ်သွားပြီ..မိမိမှာ ဘဏ်စာအုပ်လဲရှိပြီဆိုရင် ဘာဆက်လုပ်မလဲဆိုတော့ ဘဏ်စာအုပ်ထဲက Account Number ကို MyanPay ထဲထည့်မှာပါ..ဘယ်လိုထည့်မလဲ..အောက်ကပုံကိုကြည့်ပါ.. တစ်ခုသတိပေးချင်ပါတယ်.. ဘဏ်စာအုပ်မှာ Aung San ဆိုပြီးလုပ်မယ်ဆိုရင် MyanPay မှာလဲ Aung San ဆိုပြီး
လုပ်ပါ..သူတို့ဘက်က ငွေလွှဲလို့ နာမည်မတူရင် ရစ်ပါတယ်..အဲဒါကြောင့်တူတူလုပ်ပါ။ အိုကေအောက်က ပုံကိုကြည့်ပါ။
Withdraw ကိုနှိပ်ပါ... Withdraw to Bank Account ကိုနှိပ်ပါ.. ပြီးတာနဲ့ Add your Bank Account Information ကိုနှိပ်လိုက်ပါ။
ပုံမှာဆိုရင် မိမိ ဘဏ်အကောင့် (Or) ဘဏ်စာအုပ်လုပ်ထားတဲ့ ဘဏ်အမျိုးအစားကိုရွေးပါ..ကျွန်တော်ကတော့ KBZ မှာလုပ်ထားလို့ KBZ Bank လို့ဘဲရွေးလိုက်ပါတယ်..
အောက်က Bank Branch Name ကတော့ ဘဏ်ခွဲအမည်ပါ..ကျွန်တော်က နေပြည်တော် ပေါင်းလောင်းနားမှာနေတာဆိုတော့ Naypyidaw Branch (2 ) လို့ရွေးချယ်ပေး
လိုက်ပါတယ်.. အောက်က Bank Account Number မှာတော့ မိမိဘဏ်စာအုပ်ထဲမှာပါတဲ့ Account Number တွေကို ရိုက်ထည့်ပေးလိုက်ပါတယ်... ပြီးတာနဲ့ Add New ကိုနှိပ်ပေးလိုက်ပါ..ဒါဆိုရင မိမိရဲ့ ဘဏ်အကောင့် MyanPay အတွင်းထည့်သွင်းခြင်းပြီးဆုံးပြီဖြစ်ပါတယ်။ ကဲ.. ငွေထုတ်တဲ့နည်းစတင်ပါတော့မယ်... ထုံးစံအတိုင်း Withdraw >> Withdraw to Bank Account ကိုနှိပ်လိုက်ပါ..အောက်ပါပုံအတိုင်းပေါ်လာပါမယ်..
အဲဒီနေရာမှာ Select Bank Account ရဲ့ ဘေးနားက မြှားလေးကို တစ်ချက်နှိပ်လိုက်တာနဲ့ စောစောက မိမိထည့်သွင်းခဲ့တဲ့ မိမိရဲ့ ဘဏ်အကောင့်နံပတ်က အလိုလိုကျလာပါ
လိမ့်မယ်..အဲဒီအပေါ်ကိုရွေးချယ်လိုက်ပါ..ဒါဆိုရင်အောက်က ပုံအတိုင်း Bank Information ကျလာပါလိမ့်မယ်။
ကဲ..ကျလာပြီဆိုရင် မိမိလွှဲပြောင်းလိုတဲ့ မိမိရဲ့ Account Balance ထဲမယ်ရှိတဲ့ ငွေပမာဏကို ရိုက်ထည့်လိုက်ပေါ့..ပြီး၇င် Withdraw ဆိုတာကိုနှိပ်လိုက်ပေါ့။ အောက်က ပုံကို
ဆက်ကြည့်လိုက်ပါဦး။
ပုံမှာဆိုရင် ငွေကို ဘဏ်အကောင့်ထဲသို့ချက်ချင်းးမလွှဲသေးဘဲ Pending ( ဆိုင်းငံ့ ) နေတာကိုတွေ့ရပါလိမ့်မယ်...ဒီအချိန်မှာဘာလုပ်ရမလဲဆိုရင် MyanPay ကိုဖုန်းဆက်ပြီး
ငွေလွှဲထားတဲ့အကြောင်းအပြည့်အစုံကိုပြောပြလိုက်ပါ..သူတို့ဘက်က ချက်ချင်းလုပ်ပေးပါလိမ့်မယ်..နောက် သုံးလေးနာရီအတွင်း သက်ဆိုင်ရာဘဏ်ကနေ လူကြီးမင်းရှင့် လူကြီးမင်းရဲ့ အကောင့်ထဲကို ဘယ်လောက်ရောက်နေပါပြီဆိုပြီး ဖုန်းဆက်လာပါလိမ့်မယ်ခင်မျာ.. :D ကဲ..ဒါကတော့ဗျာ..အင်တာနက်ပေါ်ကနေငွေရှာနေတဲ့ ကျနော်တို့ ငွေဘယ်လိုအဆင့်ဆင့်ဖြတ်ထုတ်လာတယ်ဆိုတာရေးပြလိုက်တာပါဘဲ.....အားလုံးဘဲအဆင်ပြေမယ်မျှော်လင့်ပါတယ်ခင်ဗျာ...

Egopay အကောင့်တည်ဆောက်ပုံ နှင့် အသုံးပြုပုံ အဆင့်ဆင့်

အကြံညံများပေးထားခဲ့ပါ

Egopay အကောင့်တည်ဆောက်ပုံ နှင့် အသုံးပြုပုံ အဆင့်ဆင့်

Image and video hosting by TinyPic 

လက်ရှိ မြန်မာက နေ ငွေရှာတဲ့ သူတွေအတွက် အဆင်ပြေအောင် ရေးသားပေးချင်းဖြစ်ပါတယ်. ကျွန်တော်တို့ မြန်မာကနေ ငွေရှာတဲ့ သူတွေ ဟာ Paypal ကို သုံးရတာ လုံးဝအဆင်မပြေတဲ့ အတွက် အခု Egopay အကောင့် ဖွင့်နည်းကိုလေ့လာပြီး သုံးမယ် ဆိုရင် ပိုအဆင်ပြေမယ်လို့ထင်တာကြောင့် Egopay နဲ့ မိတ်ဆက်ပေးချင်းဖြစ်ပါတယ်.

Egopay ဟာမြန်မာ နိုင်ငံကို တရားဝင်လက်ခံထားတဲ့ အတွက်ကြောင့် သင့်အနေနဲ့ မည့်သည် Proxy မှ ကျော် ခွစရာမလိုပဲ မိမိရဲ့ လက်ရှိသုံးနေတဲ့ IP နဲ့ပဲ အဆင်ပြေပြေသုံးလို့ရပါတယ်. အွန်လိုင်းငွေရှာတဲ့ ဆိုဒ်တော်များများမှ အခုဆိုရင် Egopay ကို ကျယ်ပြန့်စွာ အသုံးပြုလာတဲ့အတွက် နောက်ပိုင်း Egopay ကိုသုံးရတာ ပိုအဆင်ပြေလာမှာပါ.

Egopay ကို Paypal ၊ Payza တို့ လက်မခံတဲ့ Online Business တော်တော်များများမှာ လက်ခံပြီး အသုံးပြုနေတာလည်းတွေ့ရပါတယ်.

တချို့ဆိုဒ်တွေက Egopay ကိုလက်မခံပဲ Paypal ၊ Payza ပဲ လက်ခံတာ တွေ့ရမှာပါ . အဲ့ဒါဆိုလည်းကိစ္စမရှိပါဘူး. ကျွန်တော်တို့က Verified Payza account ရှိရင် Egopay နဲ့ ချိတ်ဆက်ပြီး ငွေသွင်း ငွေထုတ်လုပ်လို့ရတဲ့အတွက် အဆင်ပြေပါတယ်. သင့်အနေနဲ့ verified payza account ပြုလုပ်ချင်တယ် ဆိုရင်တော့ darkspade2013@gmail.com ကို ယခုကနေ မေးမြန်းပြီး စတင်ပြုလုပ်နိုင်ပါပြီ.

အောက်မှာ Egopay account ဖွင့်နည်းကို လေ့လာရန် ရေးပေးထားပါတယ် . အဆင်ပြေကြပါစေ.

 ယခု ဖော်ပြမည့် နည်းလမ်း သည် Egopay အကောင့်ဖွင့်ပုံ ဖွင့်နည်းနှင့် ငွေလွှဲ ပုံ ၊ ငွေလက်ခံပုံ ၊ အသုံးပြုပုံ အဆင့်ဆင့် ကို ဖော်ပြချင်းသားဖြစ်ပါသည် ။
Egopay တွင် အကောင့်အမျိုးအစား နှစ်မျိုးရှိသည် ။
  • Personal - အင်တာနက် ပေါ်တွင် ငွေရှာသော ဆိုဒ်များမှ ငွေလက်ခံရန် ၊ ငွေပေးချေရန် အတွက် အဆင်ပြေသော အကောင့် အမျိုးအစားဖြစ်သည် ။
  •  Business - မိမိရဲ့ ကိုယ်ပိုင် ၀က်(ဘ်) ဆိုဒ်များတွင် ငွေလက်ခံချင်း ၊ ငွေပေးချေခြင်း စသည့်တို့အတွက် သင့်တော်သော အကောင့်အမျိုးအစားဖြစ်သည် ။
ကျွန်တော် တို့က အွန်လိုင်းမှ ငွေရှာမဲ့သူများဖြစ်တဲ့ အတွက် ကြောင့် Personal အကောင့်အမျိုးအစား က ကျွန်တော်တို့ နဲ့ ပိုမိုသင့်တော်လို့ အကောင့်ဖွင့်တဲ့နေရာမှာ Personal အကောင့်ကိုပဲရွေးပါမယ်.
Egopay အကောင့်ပြုလုပ်ရန်အတွက် ပထမဆုံး  https://www.egopay.com/?p5Qne1  ကို အရင်ဆုံး သွားပါ ။
ရောက်သွားရင်တော့ အောက်ပါပုံအတိုင်း မြင်ရပါလိမ့်မယ်. အဲ့ဒီမှာ မြှားပြထားတဲ့ နေရာ Create Egopay Account ဆိုတာကို နှိပ်လိုက်ပါ.

Image and video hosting by TinyPic

ဒါဆိုရင်တော့ သင်ဟာ Egopay အကောင့်ကို ပြုလုပ်မဲ့ အောက်မှာ ပြထားတဲ့ Registration Webpage ကိုရောက်သွားပါလိမ့်မယ် ။


 Image and video hosting by TinyPic 



အထက်ပါပုံမှာ ပြထားတဲ့ အဆင့်ကို ရောက်ရှိသွားရင်တော့  သင့်ဟာ အကောင့်ဖွင့်ဖို့အတွက်လိုအပ်တဲ့ Information တွေ ဖြည့်ရပါလိမ့်မယ်.
ညာဘက်မှာ ပြထားတဲ့ Choose your country မှာ Myanmar ကိုရွေးပါ ။ Egopay ဟာ မြန်မာ နိုင်ငံကို တရားဝင်လက်ခံ တဲ့ အတွက် မည်သည့် Proxy မှ ကျော်သုံးစရာမလိုပဲ လက်ရှိမိမိ အသုံးပြုနေသော Ip နဲ့ပဲ ဖွင့်ပါ ။
  • Account type -  Personal account ပဲ ဖွင့်မှာ ဖြစ်တဲ့ အတွက် Personal ကို Auto ရွေးပြီးသားဖြစ်နေလို့ ဘာမှ ပြင်စရာ မလိုပါဘူး ။
  • Email  - သင့်အနေနဲ့ သင့်အသုံးပြုမဲ့ ကိုယ်ပိုင် email ကို ဖြည့်ရမှာပါ ။
  • Password -  မိမိ နဲ့ သင့်တော်တဲ့ password ကို အသုံးပြုပါ ။ သိထားရမှာ တခု ကတော့ အဲ့ဒီ password မှာ  အနည်းဆုံး Capital Letter, Small Letter, Number (၁) လုံး စီပါရမှာ ဖြစ်ပြီး password strength က အနည်းဆုံး (၈) လုံးပါရှိရပါမယ် ။
  • Confirm Password - မိမိရဲ့ ပထမ password နဲ့ တူအောင်ရိုက်ပါ ။
  • Pin Code  - pincode အတွက် မိမိမှတ်မိလွယ်မဲ့ number ( ၆ ) ခု ကို ရိုက်ပါ ။ pincode ကတော့ မိမိ  Login ၀င်တိုင်းမှာ ရိုက်ရမဲ့ code ဖြစ်တဲ့အတွက် မေ့လို့မဖြစ်ပါဘူး ။ နောက်ပြီး pincode ကို လွယ်ကူတဲ့ နံပါတ်စဉ်တွေ ဖြစ်တဲ့ 123456 ၊ 111111 ၊ 222222 စသည့်တို့ကို မပေးပါနဲ့ ။
  • Confirm Pin Code - မိမိ အပေါ်မှာ ရိုက်ခဲ့တဲ့ Pincode နဲ့ တူအောင်ရိုက်ပါ ။
  • Chose Secruity Color - မိမိ နှစ်သက်တဲ့ အရောင်ကို ရွေးပါ ။
  • Please type the word shown - အဲ့ဒီ နေရာမှာတော့ ဘေးမှာ ပြထားတဲ့ Captcha Code ကိုရိုက်ပါ ။
အားလုံး ပြီး သွားရင်တော့ Yes , I have read the terms and conditions မှာ အမှန်ခြစ်ပြီး Sign Up buttom လေးကို နှိပ်လိုက်ပါ ။
 Image and video hosting by TinyPic 
အပေါ်မှာ ပြထားတဲ့ ပုံ ကို ရောက်သွားပြီဆိုရင်တော့ သင့် register လုပ်တုန်းက ထည့်ခဲ့တဲ့ မေးလ်ကို ဖွင့်လိုက်ပါ ။ အဲ့ဒီမှာ Egopay ကပို့ထားတဲ့ Confirmation Email တစောင် ရှိပါတယ် ။

Image and video hosting by TinyPic ဖွင့်ပြီးသွားရင် အထက်ပါပုံပြထားတဲ့အတိုင်း အနက်ရောင် မြှားပြထားတဲ့ နေရာက လင့်ခ် ကို နှိပ်ကာ အကောင့် verify ပြုလုပ်လိုက်ပါ ။

Image and video hosting by TinyPic
ဒါဆိုရင် အထက်ပါ ပုံမှာ ပြထားတဲ့အတိုင်း Account activated ဖြစ်သွားပါပြီ ။
ဆက်လက်ပြီး Email နဲ့ Password မှာ သင် အသုံးပြုခဲ့တဲ့ information များကိုဖြည့်ကာ ဆိုဒ်ထဲကို ၀င်လိုက်ပါ။

Image and video hosting by TinyPic

အကောင့်ထဲကို ၀င်တိုင်း ၀င်တိုင်းမှာ သင်ရဲ့ Pincode ကို ဖြည့်ရပါတယ်.  အဲ့ဒါကို ဖြည့်ပြီး Sign In buttom ကို နှိပ်လိုက်ရင် အောက်ပါ အဆင့်ကို ရောက်သွားပါလိမ့်မယ် ။

Image and video hosting by TinyPic

ပုံမှာ ပြထားတဲ့ အဆင့်ကို ရောက်သွားရင်တော့ သင်ဟာ လိုအပ်တဲ့ Information တွေ ထပ်ဖြည့်ရပါမယ် ။ နမူနာ ပြထားတဲ့ အတိုင်း မိမိရဲ့ Information တွေ ကို အမှန်အတိုင်း ဖြည့်ပေးပါ ။
နောက်ပြီး ဖြည့်တဲ့နေရာမှာ Security Answer က အရေးကြီး ပါတယ် ။ မိမိရဲ့ အကောင့် password ကို မေ့ခဲ့ရင် password reset ချတဲ့နေရာမှာ အဲ့တာကို ပြန်ဖြည့်မှ reset ချလို့ရမှာ ဖြစ်တဲ့အတွက် သေသေချာချာမှတ်ထားမှ ဖြစ်ပါမယ် ။ အားလုံးဖြည့်ပြီးလို့ save လုပ်လိုက်ရင်တော့ သင့်ဟာ Egopay အကောင့်ကို အောင်မြင်စွာ ပြုလုပ်ပြီးပါပြီ ။

Image and video hosting by TinyPic
ဒါဆိုရင်တော့ သင့်ရဲ့ Egopay အကောင့်ဟာ စတင့် ငွေလက်ခံလို့ရတဲ့ အကောင့်ဖြစ်သွားပါပြီ ။
Egopay ဟာ Paypal ၊ Payza တို့လို verify ပြုလုပ်စရာမလိုပါဘူး ။ ဒီ အတိုင်း အကောင့်ပြုလုပ်ပြီးတာနဲ့ သုံးလို့ရ ပါတယ် ။
Egopay မှာ USD နဲ့ Euro စတဲ့ currency နှစ်မျိုးကို လက်ခံပါတယ်.

Egopay အကောင့်ထဲကို ငွေထည့်ချင်ရင် Payza ၊ Okpay စတဲ့ တခြား  Online Bank account တွေ အသုံးပြုပြီး ငွေဖြည့် နိုင်သလို Exchanger တွေ အသုံးပြုပြီးလဲ ငွေဖြည့်နိုင်ပါတယ် ။
တခုရှိတာက Exchanger အသုံးပြုပြီးငွေဖြည့်ချင်ရင်တော့ မိမိဟာ အသုံးပြုပုံကို လွန်စွာ ကျွမ်းကျင် မှ အဆင်ပြေမှာပါ ။ တကယ်လို့ မသိနားမလည်ပဲ ငွေဖြည့်မိရင်တော့ အလိမ်အညာ ဆိုဒ်တွေ နဲ့တွေ့ ပြီး အလိမ်ခံရတတ်ပါတယ် ။
အောက်မှာ ငွေဖြည့်ရာမှာ ကျသင့်တဲ့ နှုန်းထား နဲ့ ကြာမြင့်မဲ့အချိန် ကိုကြည့်နိုင်ပါတယ် ။

Image and video hosting by TinyPic

အောက်မှာ Egopay အကောင့်ကို ငွေလက်ခံရင် ၊ ငွေပေးချေရင် ကျသင့်မဲ့ Fees ကိုလေ့လာနိုင်ပါတယ် ။

Image and video hosting by TinyPic

Egopay အကောင့်ထဲက ငွေကို မြန်မာငွေ အဖြစ် ပြောင်းလဲ ချင်ရင်တော့ darkspade2013@gmail.com ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်.

ငွေရှာသည့် Website များတွင်Accountလုပ်မရသူများအတွက် ကျော်ခွနည်းလမ်း တစ်ခု

အကြံညံများပေးထားခဲ့ပါ

ငွေရှာသည့် Website များတွင်Accountလုပ်မရသူများအတွက် ကျော်ခွနည်းလမ်း တစ်ခု

ငွေရှာသည့် Website များတွင် Register လုပ်သည့်အခါ အောက်ပါပုံအတိုင်း Error ကြုံတွေ့လာရပါလျှင်ဖြေရှင်းဖို့နည်းလမ်းများစွာရှိတဲ့အထဲမှ အဆင်ပြေတဲ့နည်းလမ်းလေး
တစ်ခုတင်ဆက်ပေးပါ့မယ်။ အခုကျနော်ဖော်ပြတဲ့နည်းက Firefox အတွက် သာဖြစ်ပါတယ်။
အရင်ဆုံး ဒီကိုသွားလိုက်ပါ...သွားလိုက်တာနဲ့ အောက်ပုံမယ်ပြထားတဲ့အတိုင်း နိုင်ငံပေါင်းစုံရဲ့ IP Address နဲ့ Port တွေကိုမြင်ရပါလိမ့်မယ်။ Proxy တွေကို စက္ကန့်တိုင်းမိနစ်
တိုင်းအသစ် အသစ်ထုတ်ပေးနေတာပါ....
အိုကေ...အဲဒီနိုင်ငံတွေရဲ့ Proxy တစ်ခုချင်းစီနဲ့ကျော်ခွမှာဖြစ်ပါတယ်.... Firefox ကိုဖွင့်လိုက်ပါ.. ပြီးတာနဲ့  Tool >> Options ကိုဝင်လိုက်ပါ... ပြီးတာနဲ့ Advanced >> Network  >> Settings ကိုရွေးပါ.. အောက်ပုံမှာရွေးထားတာကိုကြည့်လိုက်ပါ။
အိုကေ..ရွေးပြီးပြီဆိုတာနဲ့ အောက်က ပုံအတိုင်းပေါ်လာပါလိမ့်မယ်.. .အဲဒီမှာ မိမိရဲ့ Internet Connection က No Proxy နဲ့နဂိုမူလက အသုံးပြုတယ်ဆိုရင် အခု အိုင်ပီကျော်
ဖို့အတွက် Manual Proxy Configuration: ကိုရွေးချယ်မှာဖြစ်ပါတယ်..ပြီးတာနဲ့ Proxy ထည့်တဲ့အဆင့်စပါတော့မယ်..ကျနော်ကတော့ Proxy List ထဲက လိုင်းအင်အား Speed ကောင်းတဲ့ Turkey ဆိုတဲ့ နိုင်ငံရဲ့ Proxy ကိုရွေးချယ်လိုက်ပါတယ်....Turkey ဆိုတဲ့နိုင်ငံရဲ့ IP Address က 88.255.147.83 ဖြစ်ပြီး Port ကတော့ 8080 ဖြစ်ပါ
တယ်... ကဲ..ဘယ်လိုထည့်မလဲအောက်ကပုံမှာ ကြည့်ပါ။
ပုံမှာမြင်တဲ့အိုင်း HTTP Proxy: နဲ့ Port: မှာထည့်ပြီး Use this proxy server for all protocols ဆိုတာကိုအမှန်ခြစ် ပြီး OK >> OK အဆင့်ဆင့်ထွက်လိုက်ပါ။ ပြီးတာနဲ့ www.google.com ကိုခေါ်ကြည့်လိုက်ပါ... google က အခက်အခဲမရှိတက်လာတယ်ဆိုရင် ဒီ Proxy အလုပ်လုပ်ပါတယ်... တစ်ကယ်လို့ www.google.com ကို လေးငါးကြိမ်ခေါ်နေသော်လည်း The connection was reset , server not found အဲလိုတွေပေါ်နေရင်တော့..ဒီ Proxy အလုပ်မလုပ်ပါဘူး..အခြားနိုင်ငံတွေရဲ့ Proxy ကိုပြထားတဲ့နည်းတွေအတိုင်းထည့်ကြည့်ပြီး google.com ခေါ်ကြည့်ပါ... တစ်ကယ်လို့ google.com တက်လာတယ်ဆိုရင်တော့... ငွေရှာတဲ့ဝဘ်ဆိုဒ်ရဲ့အကောင့်ကိုဖွင့်ပြီး အေးအေးဆေးဆေး Register လုပ်ကာ ကျော်ခွနိုင်ပြီဖြစ်ပါတယ်..... တစ်ခါတစ်ရံပေါ့နော်.. Proxy ကျော်ထား
သော်လည်း Sorry IP Address is already use by other member ပေါ်သေးတယ်ဆိုရင် နောက်နိုင်ငံရဲ့ Proxy ကိုချိန်းပြီးထပ်ဖွင့်ကြည့်ပါ..ကျော်ခွသွားပါလိမ့်မယ်....
( များသောအားဖြင့် ထိုင်းနိုင်ငံ ၊ ရုရှား ၊ ထိုင်ဝမ် ၊ ဘရာဇီး အဲဒီလေးနိုင်ငံရဲ့ Proxy နဲ့ကျော်ဖွင့်လို့ရတာ သတိပြုမိပါတယ်..အများဆုံးအဆင်ပြေတာကတော့ ထိုင်းနိုင်ငံပါ )
အကောင့်ကိုအလုံးစုံဖွင့်ပြီးဘီ..Activate တွေလုပ်ပြီးဘီဆိုရင်တော့.. မူလ No Proxy ကိုပြန်ထားလိုက်ပါ...ပြီးပြီဆိုမှ ပုံမှန်အတိုင်းငွေရှာတဲ့ဝဘ်ဆိုဒ်မှာ Log In ၀င်ပါ..ကျနော်လည်း အခြားငွေရှာတဲ့ဆိုဒ်တွေမှာ ဒီအတိုင်းဘဲကျော်ဖွင့်ထားတာ Outbux , The-Bux ကျော်ဖွင့်ထားပါတယ်..အခုငွေထုတ်တယ်..အဆင်ပြေတယ် လုံးဝ ဘန်းခြင်းမရှိပါ.. တစ်ချို့က ဘားမှစမ်းသပ်မထုတ်ရသေးဘဲနဲ့ ဘန်းတယ်ချည်းပြောနေကြတယ်..တော်တော်စိတ်ပျက်ဖို့ကောင်းပါတယ်ဗျာ.
ကျနော်တို့လို တစ်ကယ်ထုတ်ကြည့်နေတဲ့လူတွေတောင် သူတို့ကို ဆရာပြန်တင်ရမလိုတောင်ဖြစ်နေတယ်ဗျာ..အဟတ်... :) ကဲ......အားလုံးဘဲအဆင်ပြေကြပါစေ။

ငွေရှာဆိုဒ်များ

အကြံညံများပေးထားခဲ့ပါe All Trusted PTC Site In 2014! Don't Miss !! But!!They Cannot Be Use In Myanmar 
( Only Other Country )

မှန်ကန်/တိကျပြီး လက်တွေ့ထုတ်ယူဖူးသော Webiste များကိုသာတင်ဆက်ပေးခြင်းဖြစ်သည်
စိတ်ချယုံကြည်စွာဖြင့်ဝင်ငွေရှာဖွေနိုင်ပါသည်။စည်းမျဉ်းစည်းကမ်းများကို ဒီမှာအရင်ဖတ်ပြီးမှ ၀င်ငွေရှာလုပ်ငန်းစတင်ဖို့ တိုက်တွန်းအပ်ပါသည်။



တစ်ချို့သော ၀င်ငွေရှာဆိုဒ်များအတွက် လုပ်ပုံလုပ်နည်းများကို ရေးပြမထားသော်လည်း လုပ်ပုံလုပ်နည်းရေးပြထားသည့် Nerdbux , Outbux , Clixzor ,The-Bux ,Golden Clix တို့မှသင်ခန်းစားများကိုသေချာဖတ်ရှုလိုက်ရုံဖြင့်အခြားဟာများ မိမိမသိသေးသည်များကို အလွယ်တစ်ကူပင်သဘောပေါက်ကာ လုပ်တတ်သွားမည်မှာအသေအချာဖြစ်ပါသည်။

PTCRS မှာငွေရှာရန်ဒီကိုနှိပ်ပါ                           Cliserve - Most Trusted ,Fast,Easy Cashout

   Nerdbux မှာငွေရှာရန်ဒီကိုနှိပ်ပါ                                 GLADBux 2$ Instant Cashout

USAClix မှာငွေရှာရန်ဒီကိုနှိပ်ပါ                                        Probux(Princess Of PTCS )

YouGetProfit အမှန်ကန်ဆုံးငွေရှာဆိုဒ်(ရင်းနှီးမြှပ်နှံမှု)          Pureclix တွင်ငွေရှာရန်ဒီကိုနှိပ်ပါ



Sorry , This IP Address Is Use By Other Member လို့ပြရင် IP ကျော်ဖွင့်လို့ရတယ်။

အင်တာနက်ပေါ်က ငွေရှာတဲ့ဆိုဒ်တွေမှာ Register လုပ်ရင် တစ်ချို့ဆိုဒ်တွေမှာ " Sorry , this IP Address is use by other member " လို့ပြပြီး Register လုပ်မရတာမျိုး ကြုံဖူးကြမယ်ထင်ပါ
တယ်..ဒါဟာ ကျွန်တော်တို့မြန်မာနိုင်ငံမှာ အများဆုံးဖြစ်ပျက်နေတဲ့ ပြသနာတစ်ခုပါ.. ဆက်သွယ်ရေးက လူကြီးမင်းများရဲ့ အသုံးမကျတဲ့စီမံခန့်ခွဲမှုကြောင့်လေ..ထားပါ... အဲလို ကြုံလာရရင် IP ကျော်ဖွင့်မှရတယ်...ဒါပေမယ့် ကျော်ဖွင့်လို့ရတာက ဟုတ်တယ်.. ဒီလိုကျော်ဖွင့်လို့ရှိရင်ငွေရှာတဲ့ဆိုဒ်က ကိုယ့်ရဲ့ Account ကို Suspended လုပ်နိုင်လား ? မလုပ်နိုင်လား ? ဆိုတာ သံသယရှိခဲ့တယ်...ငွေရှာတဲ့ဆိုဒ်ဆိုတာ အချိန်ရင်းနှီးမြှပ်နှံထားရတာလေ.. ကိုယ့်မယ်ပိုက်စိတွေရနေပြီးမှ IP ကျော်ဖွင့်မှုနဲ့ အဘန်းခံနေရရင်
ဒုက္ခ..ဒါကြောင့် သေချာအောင် သက်ဆိုင်ရာ ငွေရှာတဲ့ဆိုဒ်တွေမှာရှိတဲ့ Admin တွေကို မတောက်တခေါက် အင်္ဂလိပ်စာလေးရေးပြီး လိုက်မေးတာ အကုန်လုံးက ချက်ချင်းလိုလို Reply ပြန်ပေးကြပါတယ်..ဒါကြောင့် ကိုယ်သိချင်တာလဲ သိခွင့်ရခဲ့တယ်..Reply လဲ မြန်မြန်ပြန်ပေးပါတယ်.... ဘာဘဲဖြစ်ဖြစ် လူအများလည်းသိချင်..မေးခွန်းလည်းအများဆုံးဖြစ်တဲ့ အိုင်ပီ ကျော်ဖွင့်ရင် ပြသနာရှိနိုင်လားဆိုတဲ့အဖြေကို ဖြေနိုင်လိုက်ပါပြီ... လုံးဝ ( လုံးဝ ) အဆင်ပြေပါတယ်.ဒါကြောင့် ပြည်ပက အက်ဒမင်ကြီးတွေကို အာဘွားပေးခဲ့လိုက်ပါတယ်. Admin တွေကလည်း ပြန်ပြောပါတယ် You are welcome တဲ့... ... ဒီတော့  " Sorry , this IP Address is use by other member " လို့ပြနေရင် အိုင်ပီကျော်ဖွင့်လို့ရ
တယ်... အကောင့်ဖွင့်ပြီးပြီဆိုမှ မြန်မာ IP နဲ့အမြဲတမ်း သုံးတော့ပေါ့... အိုကေနော်..အောက်က ပုံက မေးထားတဲ့ ပုံပါ.. ။ IP ကျော်ပြီး Account ဖွင့်နည်းကို မသိသေးရင်တော့
ဒီမှာ ကြည့်လိုက်ပါ။

PTC ( Paid To Click ) Online တွင်ငွေရှာသည့် Website များအကြောင်း

PTC ( Paid To Click ) ဆိုသည့် အင်တာနက်ငွေရှာလုပ်ငန်းသည် လျင်မြန်စွာဖြင့် ငွေရရှိသော အလုပ်များမဟုတ်ပါ။

မိမိတစ်နေ့အင်တာနက်အသုံးပြုသည့်အချိန်များထဲမှ 45 မိနစ်ခန့်ကိုရင်းပြီိး အလုပ်လုပ်ရတဲ့ ကြော်ငြာကြည့်ငွေရှာလုပ်ငန်း တစ်ခုသာဖြစ်ပါတယ်။ ဒါပေမယ့် ဘာလို့ ဒီလုပ်ငန်းတွေ

ခေတ်စားနေသလဲ .. ဘယ်လိုလူမျိုးက PTC ကိုအထင်သေးတဲ့စကား ပြောရသလဲဆိုတာ.. အောက်က အကြောင်းအရာတွေကိုဆက်ဖတ်ကြည့်ရအောင်...

PTC ဟာကရိကထမများတဲ့ သမ္မာအာဇီဝအလုပ်ဖြစ်ပါတယ် ... ဒါကြောင့်သမ္မာအာဇီဝဖြစ်တဲ့ PTCလုပ်တာဟာ အသုံးမကျဘူး ဂုဏ်ငယ်တယ်လို့ပြောတဲ့သူဟာ ဘယ်လိုအတန်းအစားဖြစ်မလဲ ... ??? PTCကိုသိလျက်နှင့်မလုပ်တာ အချက်၂ချက်ပဲရှိနိုင်မယ် ...
၁ ။ စိတ်မဝင်စားလို့ ( ဒီလူမျိုးကတော့ရှင်းပါတယ် ... စိတ်မဝင်စားတဲ့အရာကို အချိန်လုံးဝမပေးနိုင်ဘူး ... ဘယ်လောက်ရရ ဘယ်လောက်ကောင်းကောင်းစိတ်မဝင်စားဘူး ) သူ့ကိုတော့ အပြစ်ပြောစရာမရှိပါ ...

၂ ။ သဘောတရားနားမလည်လို့ ... ( သဘောတရားနားမလည်တဲ့အခါ အမြတ်နည်းပါးတယ် .. ဇွဲကလည်းမရှိပြန်ဆိုတော့ မူးစုပဲစုဒီအလုပ်ကို ပျင်းလာတယ် . အဲဒီတော့ ခါးပြတ်သွားတာပေါ့ .. သွားပုပ်လေလွင့်ပြောတဲ့သူတွေဟာ ဒီအမျိုးအစားမှာ ပါဝင်ပါတယ်) ( မြန်မာနိုင်ငံမှာ ဒီလုပ်ငန်းကို စိတ်ဝင်စားလို့ လိုက်လုပ်တဲ့ ဦးနှောက်မရှိ အစွမ်းအစမရှိ Fan Page မှာ မန်ဘာဝင် တစ်သောင်းကျော်ပိုင်ဆိုင်ထားတဲ့ $ သုံးမကျတဲ့ နည်းပညာရှင်ကြီးတစ်ယောက်
ရှိတယ်..သူကိုယ်တိုင်လဲ လုပ်တယ်..လူအများကိုလဲ လုပ်ဖို့တိုက်တွန်းတယ်..သူတိုက်တွန်းခံရတဲ့သူတော်တော်များများအဆင်ပြေနေချိန်မှာ သူက သူ့ဘာသာ အသုံးမကျဘဲ မလုပ်ကြပါနဲ့ မကောင်းပါဘူးဆိုပြီး PTC လုပ်ကိုင်နေသူ ၊ သူထက်အရင် PTC မိတ်ဆက်သူတွေကို စော်ကားတဲ့စကားတွေပြောခဲ့တယ်..သူ့ကိုတော့မြန်မာမှာအရင်ဆုံး ဂရင်းနစ်စံချိန်
ပေးလိုက်ပါတယ်.. $ ဖောင်းထုမှုနဲ့ပါ အဟတ် .... ;)

ယနေ့ခေတ်ဟာ အင်တာနက်ခေတ်ဖြစ်ပါတယ် ... ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အိုးမကွာအိမ်မကွာဖြစ်တဲ့ Home based jobs တွေခေတ်စားတာ ကြာနေပါပြီ ... လွတ်လပ်တယ် ၊ နေရာမရွေး အချိန်မရွေးလုပ်နိုင်တယ် ၊ အလုပ်ရှင် အလုပ်သမားပြဿနာနည်းပါးတယ် ... Home based jobs အမျိုးမျိုးရှိပါတယ် ... skillsကိုအခြေခံတဲ့အလုပ် ၊ Marketingအခြေခံအလုပ် ၊ Gamerတွေအတွက်အလုပ် ၊ ကုန်ကုန်ပြောရင် web cam ကနေ pornသရုပ်ဆောင်ပြီး ငွေရှာတောင်ရတယ် ... ရှင်းရော .ဘာပဲလုပ်လုပ် ကိုယ့်လုပ်ငန်းလူသိများမှ အောင်မြင်မှာပါ ... အဲဒီတော့ Advertising ဆိုတဲ့ ကြော်ငြာလုပ်ငန်းဟာ အလွန်အရေးပါတဲ့ အခန်းမှာရှိပါတယ် ... ဒါကြောင့် ကြော်ငြာလုပ်ငန်းဖြစ်တဲ့ PTCဟာလည်း အင်မတန်ရေပန်းစားတဲ့လုပ်ငန်းတစ်ခုပါ ...

PTC ဆိုတာဘာလဲ ...???
PTCဆိုတာ (paid to click) အွန်လိုင်းကြော်ငြာလုပ်ငန်းပါ ... အင်တာနက်မှာ Freeကြော်ငြာလို့ရတဲ့နေရာရှိတယ် .. ပိုက်ဆံပေးကြော်ငြာရတဲ့နေရာရှိတယ် ... PTCမှာတော့ ပိုက်ဆံပေးကြော်ငြာရတယ် ... ကြော်ငြာကြည့်သူတွေကို ကုမ္ပဏီကအထိုက်အလျောက်ပြန်ပေးတယ် ... သူ့ဆိုဒ်မှာကြည့်နေပေမယ့် သူ့အလုပ်သမားမဟုတ်ပါဘူး ... ကိုယ့်အချိန် ကိုယ့်ဝင်ငွေ ကိုယ့်ရည်မှန်းချက်ကို ကိုယ်တိုင်ပုံဖော်နေတာ ... ကိုယ်ဘယ်အထိသွားမလဲ ... တရက်၂ဒေါ်လာ (သို့) ဒေါ်လာ၂၀ .. ကိုယ့်စိတ်ကြိုက်ပဲ .. ဆက်သွားမလား ရပ်ထားမလား .. ကိုယ့်သဘောပဲ .. အဲဒီတော့ ကိုယ်တွေကလုပ်ငန်းရှင်ဗျာ ... ကြိုက်ကြိုက် မကြိုက်ကြိုက် တပြားမှမလျော့ဘူး ...

PTC site အမျိုးအစားများ
Bux sites
Bux site ဆိုတာကတော့ ကြော်ငြာကြည့်နှုန်းအပေးများတယ် ၊ Guaranteed adsတွေရှိမယ် ၊ RRတွေငှားရမ်းလို့ရမယ် ၊ ကြေးမြင့်တဲ့ member upgradeတွေရှိမယ် ... Guaranteed ads တွေပေးတဲ့အတွက် ကြော်ငြာသူမရှိရင် သူတို့ရဲ့ self ads တွေနှင့်လည်ပတ်ရပါတယ် ... ဒါကြောင့် clickerတွေအနေနှင့် ဝင်ငွေများများရနိုင်သလို ... ဆိုဒ်ပိုင်ရှင်အနေနှင့်တော့ စီးပွားရေးကျရှုံးမှုအလွန်များတဲ့ဆိုဒ်အမျိုးအစားပါ ... Neobux , probux , the-bux စတဲ့ဆိုဒ်တွေဟာ Bux site တွေပဲဖြစ်ပါတယ် ...

Aurora sites
Aurora sites တွေကတော့ ငွေပေးနှုန်းနည်းပါးတယ် RRဝယ်လို့မရဘူး .. ဒါကြောင့်သူတို့ဟာ ကြာရှည်ရပ်တည်နိုင်တဲ့ ptc site အမျိုးအစားဖြစ်ပါတယ် ... ငွေရှာနည်းအများအပြားပေးထားတယ် ဥပမာ -
• Paid To Read (PTR) ads: ဒါက ptcကြော်ငြာကြည့်သလိုပါပဲ
• Paid To Sign-up (PTSU): ဒါက Sign-up လုပ်ပြီးငွေရှာတာပါ
• Paid To Promote (PTP): သူ့ရဲ့ကြော်ငြာpage ကိုတခြားwebမှာ ပြပေး ၊ ကြော်ငြာပေးရင် သူကငွေပြန်ပေးပါတယ် ... Traffic Exchange နှင့်တွဲပြီးလုပ်ရပါတယ် ...
• Traffic Exchange (TE): ဒါကတော့ surfingလုပ်တာပါ ... သူ့သဘောကတော့ ငါမင်းကြော်ငြာကြည့်မယ် မင်းလည်းငါ့ကြော်ငြာကြည့် ဆိုတဲ့သဘောပါပဲ ... သူ့ကြော်ငြာကြည့်လို့ရလာတဲ့ creditကို ကိုယ့်ကြော်ငြာအတွက် ပြန်သုံးရတာပါ ... cashnhits / incentria / clicksia / donkeymails စတဲ့ဆိုဒ်တွေဟာ aurora site အမျိုးအစားတွေပါ ...

Mini-PTC
ဒီအမျိုးအစားကတော့ Bux နှင့် Aurora ပေါင်းထားတဲ့ပုံစံပါ ... RRငှားလို့ရမယ် RR/DR limit ကိုအနည်းငယ်သာပေးထားမယ် ဈေးမြင့်တဲ့ member upgradeရှိမယ် ... cashout limitများမယ် ... ကြော်ငြာကြည့်ခ အပေးနည်းမယ် ... ဒါကြောင့်သူလည်း Bux sites တွေထက်တော့ ကြာရှည်ရပ်တည်နိုင်ပါတယ် ...

PTC site လို့ ခေါ်နိုင်တဲ့အမျိုးအစား
အခြေခံအားဖြင့် ဒီဆိုဒ်တွေမှာ RRမရှိပါဘူး ... Advertiser နှင့် Clicker တွေကြားမှာ ဆိုဒ်ကအမြတ်ခွဲယူတဲ့သဘောပါ ... လူစစ်စစ်တွေပဲ ကလစ်တာဖြစ်တဲ့အတွက် ကြော်ငြာရှင်တွေက ဒီဆိုဒ်မျိုးကို ပိုပြီးနှစ်သက်ကြပါတယ် ... Clixsense / Clickfair / Hitzza စတဲ့ဆိုဒ်တွေဟာ ... ကြော်ငြာရှင်ကြိုက် ptcစစ်စစ်တွေပါ ...

PTC ဆိုဒ်ပိုင်ရှင်တွေရဲ့ရည်ရွယ်ချက်ကဘာလဲ ...
(မနေ့က မန်ဘာတစ်ယောက်ဒီမေးခွန်းကိုမေးထားလို့ပါ ) ဘာကိုဦးတည်တဲ့မေးခွန်းလည်းမသိပါ ... PTC ဆိုတာကြော်ငြာလုပ်ငန်း . စီးပွားရေးလုပ်ငန်းဖြစ်ပါတယ် ... အဲဒီတော့ PTC site ထောင်တယ်ဆိုတာ အလှူပေးဖို့မဟုတ်ပါဘူး ... စီးပွားရေးလုပ်ဖို့ အမြတ်ရဖို့ပါ ... Advertiser နှင့် Clickerကြားမှာ အမြတ်ကျန်အောင်လုပ်ဖို့က သူ့ရဲ့အဓိကရည်ရွယ်ချက်ဖြစ်ပါတယ် ...

Scamလုပ်ရခြင်းအကြောင်း...
Scamလုပ်ရခြင်းအကြောင်း အများအပြားရှိပါတယ် ... အကြမ်းအားဖြင့် -
၁ ။ ပိုင်ရှင်ဟာ မန်ဘာတွေကိုမပေးတော့ဘဲ ငွေထုပ်ပိုက်ပြီးလစ်သွားတယ် (လိမ်ဖို့သက်သက် ဆိုဒ်ထောင်ခြင်း)
၂ ။ ပိုင်ရှင် (သို့) အက်ဒမင်များဟာ ဆိုဒ်အတွက်အချိန်မပေးနိုင်ဘူး .. ကောင်းစွာစီမံခန့်ခွဲမှုမလုပ်နိုင်ဘူး .. အဲဒါကြောင့် scam လုပ်လိုက်ရတယ် (ဇယားမနိုင် ၊ အချိန်မရှိ ၊ စီမံခန့်ခွဲမှုညံ့ဖျင်း)
၃ ။ paypal limit လုပ်ခြင်း ။ တချို့ပိုင်ရှင်တွေက ဆိုဒ်ထောင်ပေမယ့် paypalကို free account သာသုံးပါတယ် ... scamဖြစ်လောက်စရာအကြောင်း မဟုတ်ပေမယ့် ... ကသောင်းကနင်းဖြစ် ၊ ယုံကြည်မှုမဲ့ပြီး scamဖြစ်သွားတာမျိုးလည်းရှိတတ်ပါတယ် ...
၎ ။ ကြော်ငြာနည်း၍ clickerများပြားခြင်း ။ ဝင်ငွေထွက်ငွေမမျှတာပါပဲ ။ အဲဒီအခါမှာ scamဖြစ်သွားပါတယ် ...
အချက်တွေကတော့ အများကြီးပါပဲ ... တကယ်တမ်းတော့ scam site ၂မျိုးပဲရှိပါတယ် ...
၁ ။ လိမ်ဖို့ရည်ရွယ်ချက်ဖြင့် scam site ထောင်ခြင်း
၂ ။ စီးပွားရေးကျရှုံးပြီး scam site ဖြစ်သွားခြင်း ... ဒါပါပဲ ...
ဒီလောက်များပြားတဲ့ scam site တွေကြားမှာ ဆိုဒ်ကောင်းတစ်ခုကို ဘယ်လိုရွေးချက်မလဲဆိုတာတော့ ကံသေကံမပြောလို့မရပါဘူး ...
ဆိုဒ်တွေကိုစစ်ဆေးဖို့အတွက်
၁ ။ http://www.ptc-investigation.com/default.aspx ... သူကတော့ ကိုယ်တိုင်စမ်းသပ်ပြီး informationဝေတာပါ .. ဒီဆိုဒ်ကို ၇၀%ဦးစားပေးသုံးပါတယ် ... သတိထားဖို့က Not Recommended လောက်တွေ့ရုံနှင့် scamလို့ပြောမရပါဘူး ... သူပြောတဲ့အချက်အားလုံးကို သေသေချာချာဖတ်ဖို့လိုပါတယ် .. Legit site တစ်ခုဟာ အချိန်မရွေး Ongoing ထဲရောက်သွားနိုင်သလို .. Ongoingတွေလည်း not recommended ဖြစ်သွားနိုင်ပါတယ် ... လူ့အလို နတ်မလိုက်နိုင်ဆိုတာရှိတယ် ... ဘယ်လောက်ကောင်းတဲ့ဆိုဒ်ဖြစ်ဖြစ် မကောင်းပြောတဲ့သူ အဆင်မပြေသူတွေကတော့ တွေ့နေရမှာပါပဲ ... အဲဒီတော့ကိုယ်တိုင်ပဲချင့်ချိန်ပေါ့ ...
၂ ။ http://www.scamadviser.com/ ... သူက owner information , Alexa rank , traffic , user feedback .. စတာတွေကိုအခြေခံပြီး adviseပေးတာပါ ... သူအခြေခံတဲ့အရာတွေကိုကြည့်ပြီး scamဟုတ် မဟုတ် စစ်ဆေးတာအံဝင်ဂွင်ကျမှုသိပ်မရှိပါ ... ဒါကြောင့် ဒီဆိုဒ်ကို ၂၀%လောက်ပဲသုံးပါတယ်
*အကောင်းဆုံးကတော့ forumတွေကို crossingလိုက်ဖတ်ပါ ... ၁ဆိုဒ်အကြောင်းကို ၂နှင့်၃မှာရှာဖတ်မယ် .. ၂အကြောင်းကို ၁နှင့်၃မှာဖတ်မယ် .. အဲလိုမျိုးပါ *
နောက်ထပ်စစ်ဆေးနိုင်မယ့် ဆိုဒ်တချို့ကတော့ -
http://www.emoneyspace.com/index.php
http://ptccentral.com/
http://website.informer.com/
http://www.alexa.com/
ဒါတွေကို ခင်ဗျားတို့ဥာဏ်ရှိသလို အသုံးချလို့ရပါတယ် ... PTC မိသားစုတွေ ကျန်းမာရွှင်လန်းပါစေ ...

PTC ( အွန်လိုင်းငွေပင်စိုက်သူများ Groups https://www.facebook.com/groups/468564163238943/ )

Popular Posts